ကျောက်ပန်းတောင်းနယ်က ပျူခေါင်းဆောင်နေအိမ်ကိုဝင်တိုက်၊ ၆ ဦးသေဆုံး သေနတ် ၃ လက်ရ

ကျောက်ပန်းတောင်းနယ်က ပျူခေါင်းဆောင်နေအိမ်ကိုဝင်တိုက်၊ ၆ ဦးသေဆုံး သေနတ် ၃ လက်ရ

 

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွဲခင်းရွာမ ရွာထိပ်က ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဩဂုတ် ၁၂ ရက် မနေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့  OAK AWE UG မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲ‌ဘော်ဥဩက ပြောပါတယ်။

စစ်သားနဲ့ပျူစောထီးအင်အား ၁၅ ဦးခန့်ရှိ အဆိုပါပျူစောထီးခေါင်းဆောင်နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှုအတွင်း ပျူစောထီး ၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရကာ နေအိမ်အတွင်းက အိုင်းယားရွာသား  အသက် ၇၀ နှစ်ခန့်ရှိ NLD ပါတီဝင် ဦးထိန်သန်းကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ အိမ်ဘေးဘန်ကာနားကကောင်ကိုအရင်ပစ်လိုက်တာ သေနတ်ကျည်ထိသွားချိန်မှာကျန်တဲ့ကောင်တွေ ပြန်ပစ်တယ်။ အိမ်ကို ၄၀ မမနဲ့ ထပ်ပစ်တယ်။ အသာစီးရနေလို့ လက်နက်ချဖို့ ပြောတာမချလို့ RPG နဲ့ ထပ်ပစ်တာမှာ ၃ယောက် လွင့်သွားတယ်။ မျက်မြင် ၆ ဦးသေတယ်။ နေအိမ်ထဲကနေ အဲ့ဒီမနက်ကမှ ပျူစောထီးတွေဖမ်းသွားတဲ့သူကိုလည်း ကယ်နိုင်ခဲ့တယ်” လို့  ရဲဘော်ဥဩက ပြောပါတယ်။ 

သေဆုံးသူတွေအပြင် ဒဏ်ရာရသူတွေ အများအပြားရှိပြီး ပျူစောထီးထဲက ၄ ဦးပျောက်ဆုံးနေလို့  ဩဂုတ်လ ၁၃ ရက် ဒီနေ့မနက်ပိုင်းမှာ လိုက်ရှာနေကြတယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း ကာဘိုင်သေနတ် ၂ လက်၊ တထောင့်ထိုးရှော့ဂန်း(Short Gun) ၁ လက်၊ ကာဘိုင်ကျည် ၉၈ ‌တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ စစ်အသုံးဆောင်ပစ္စည်းအချို့ကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ OAK AWE UG မြို့ပြပြောက်ကျားတပ်ဖွဲ့၊ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၊ BaGan Bo Choတပ်ဖွဲ့၊ မြိုင် ပကဖ၊ YRF ပေါက် တောင်ပိုင်း ပကဖ၊ မကွေးတိုင်း ပကဖ၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ တောဇီးကွက်မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ကျောက်ပန်းတောင်း Special Defence Forceတပ်ဖွဲ့၊ ပခုက္ကူမြို့နယ်ပကဖ၊ People Defence Force သခင်ဖိုးလှကြီးတပ်ဖွဲ့ Chauk ၊ chauk guerrilla force ( c.g.f )၊ Chauk Revolution Army (C.R.A)နဲ့ ချောက်ပကဖ မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းခဲ့တာလို့ သိရပါတယ်။

ဩဂုတ် ၁၀ ရက်ကလည်း OAK AWE UG မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ချောက်မြို့နယ်၊ ဆားလယ်ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်ရာ ကား ၁ စီး၊ ဆိုင်ကယ် ၂ စီးနဲ့ ကျည်မျိုးစုံ ၁၇၀ တောင့်ကို သိမ်းယူနိုင်ခဲ့ပါသေးတယ်။

ပုံစာ - သိမ်းဆည်းရမိသည့်သေနတ်နှင့် စစ်အသုံးဆောင်အချို့။

စာတည်း- ဟိန်းစံ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10