စခန်းချမယ့်နေရာမှာ ကြိုထောင်ထားတဲ့မိုင်းနဲ့ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရ

စခန်းချမယ့်နေရာမှာ ကြိုထောင်ထားတဲ့မိုင်းနဲ့ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ သရက်မြို့နယ်က စစ်ကောင်စီတပ် စခန်းချမယ့်နေရာမှာ ကြိုတင်ထောင်ထားတဲ့ မိုင်းနဲ့ တိုက်ခိုက် ခဲ့လို့ စစ်သား ၇ ဦး ဒဏ်ရာရရှိသွားတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ က သတင်းထုတ်ပြန်ပါတယ်။

သရက်မြို့ ကာကွယ်ရေးပစ္စည်းစက်ရုံ ၁၂ ကနေ ၆ မိုင်ခန့်အကွာက တွင်းလည်ရွာအနီး ဘုရားကုန်းမှာ တပ်စွဲဖို့ လာတဲ့ အင်အား ၅၀ ဦးပါ စစ်ကောင်စီစစ်ကြောင်းကို ကြိုတင်ထောင်ထားတဲ့ အဝေးထိန်းမိုင်း ၄ လုံးနဲ့ ဩဂုတ် ၁၁ ရက် မွန်းလွဲ တနာရီခွဲကျော်လောက်က တိုက်ခိုက်ခဲ့တာ လို့ဆိုပါတယ်။

"သတင်းကြိုရလို့ ခွဲမိုင်း ၁ လုံး ရှေ့ထွက် ၃ လုံးနဲ့ ခွဲခဲ့တာပါ။ ၇ ယောက် ဒဏ်ရာရပြီး ၃ ယောက် ဒဏ်ရာပြင်း တယ်။ ကျဆုံးမှုတော့ မသိရသေးဘူး” လို့ သရက်ခရိုင်တပ်ရင်း ၄၊ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

တိုက်ခိုက်အပြီး ဒဏ်ရာသူတွေကို ဖောကားအနီနဲ့လာသယ်ကာ ကပစ ၁၂ ထဲကို ခေါ်သွားပြီး အဲဒီအထဲက ၂ ဦး ဟာ သရက်မြို့က ပုဂ္ဂလိကဆေးရုံတခုမှာ ခြေထောက်နဲ့ လည်ပင်းထိခိုက်မှုကို ကုသနေကြောင်း ကင်းထောက် တွေဆီက သိရတယ်လို့ သူက ဆက်ပြောပါတယ်။

ဩဂုတ် ၁၂ ရက် ဒီနေ့မှာတော့ တိုက်ခိုက်ခံရတဲ့နေရာကို စစ်သားအင်အား ၁၀ဝ ဝန်းကျင်ခန့်ထပ်ရောက်လာပြီး အဲဒီနေရာအနီးက ဒေသခံ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင်တပ်ရင်း ၄ နဲ့ ကျောင်းသားလက်ရုံးတပ်တော်တို့ပေါင်းကာ တိုက်ခိုက်ခဲ့သလို သရက်မြို့နယ် ပကဖကလည်း သတင်းအချက်အလက်တွေ ကူညီခဲ့တယ်လို့ သိရပါတယ်။

သရက်ခရိုင်တပ်ရင်း ၄ ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်ကလည်း ကံမမြို့နယ်၊ ကျီမီးရွာ ပျူစောထီးခေါင်းဆောင်ကို ပစ်သတ်ခဲ့ပြီး ၎င်းအသုံးပြုတဲ့ သေနတ်နဲ့ ကျည်ကို သိမ်းဆည်းခဲ့ပါသေးတယ်။

ပုံစာ - သရက်ခရိုင်တပ်ရင်း ၄ မှ ရဲဘော်များ။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #သရက်မြို့နယ် #စစ်ကောင်စီ #စခန်း #မိုင်း #စစ်သား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10