ရွှေဘိုမှာ ၁ နေ့တည်း ၄ ကြိမ်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ခိုက်ရာက စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့  ရွှေဘိုခရိုင်တပ်ရင်း ၁၅ ရဲ့ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

ရွှေဘိုမြို့၊ လေ့ကျင့်ရေး ၈ ကနေ အင်အား ၃၀ ခန့်နဲ့ ထွက်လာတဲ့ စစ်သားတွေကို ဩဂုတ် ၁၃ ရက်က ယင်းမာရွာအနီးမှာ၂ ကြိမ်နဲ့ အောင်ချမ်းသာရွာသစ် ဆန်စက်ဟောင်းနဲ့ ဆန်စက်အတွင်းက ထွက်လာချိန်တွေမှာလည်း ထပ်မံ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

သေဆုံးတဲ့ စစ်သားတွေနဲ့ ဒဏ်ရာရ စစ်သား ၉ ဦးကို ရွှေဘို‌မြို့ဘက်ကို ပြန်သယ်သွားပြီး အဲဒီစစ်ကောင်စီတပ်ဟာ ဩဂုတ် ၁၅ ရက် ဒီနေ့မှာတော့ ရွှေဘိုမြို့အဝင်မုခ်ပေါက်အနီးမှာပဲရှိပြီး လှုပ်ရှားမှုမရှိဘူး ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၂၊  ခွပ်ဒေါင်းရာဇာ ပကဖ၊ တောကျီးကန်း ပကဖ၊ နဂါးမင်း ပကဖ၊ တာနောယက္ခ ပြောက်ကျားတပ်ဖွဲ့၊ Buffalo Soldier LPDF နဲ့ တိုက်နယ် ၅ ပကဖတွေ ပူးပေါင်းခဲ့ပြီး တိုက်ခိုက်ရေး ရဲဘော်တွေအားလုံး အန္တရာယ်ကင်းခဲ့တယ်လို့  သိရပါတယ်။

ရွှေဘိုမြို့နယ်တဝှမ်းမှာ တော်လှန်ရေးတပ်တွေက နေရာအနှံ့ကနေ တိုက်ခိုက်နေတာဖြစ်လို့ နေ့စဉ်ဆိုသလို ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #တိုက်ပွဲ #သတင်း #ရုပ်သံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10