စစ်အုပ်စုတပ်စွဲနေရာလေးခုကို တပြိုင်နက်ဝင်တိုက်ပြီး စစ်ကောင်စီပိုင် စွပ်ကျယ်စက်ရုံနဲ့ စစ်ကားကို မီးရှို့ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က စစ်ကောင်စီတပ်စွဲနေတဲ့ နေရာလေးခုကို ဩဂုတ် ၁၂ ရက် မနက် ၅ နာရီက ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တပြိုင်နက်ဝင်တိုက်ခိုက်ပြီး စွပ်ကျယ်စက်ရုံနဲ့ စစ်ကားကိုမီးရှို့ခဲ့တယ်လို့ ‌တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တောင်သာမြို့နယ်ထဲက စစ်အုပ်စုတပ်စွဲနေတဲ့ ဘုရားလှပျူစောထီးရွာ၊ ‌မင်းကန်ရွာအနီး တရုတ်ပိုက်လိုင်း၊ ကျောက်ခွဲစက်ဂိတ်နဲ့ စက်မှု ၁ စွပ်ကျယ်စက်ရုံတို့ကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ နေရာလေးခုကို တိုက်ခိုက်‌နေတဲ့ အချိန်မှာပဲ တောင်သာမကျီးရိုးဂိတ်နဲ့ တောင်သာမြို့ထဲက စစ်ကောင်စီတပ် တပ်စွဲတဲ့နေရာတွေကိုလည်း ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့  သူကဆက်ပြောပါတယ်။

တိုက်ခိုက်နေချိန်အတွင်း မိတ္ထီလာတပ်ကနေ ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးလာကြဲပေမယ့် ပူးပေါင်းတပ်ဖွဲ့တွေ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။ လက်ရှိမှာလည်း တောင်သာမြို့ပေါ်မှာ ဂျက်ဖိုက်တာ ဝဲပျံနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃၊ နေပြည်တော် ၈၀၁ တပ်ရင်း၊ မြင်းခြံခရိုင်တပ်ရင်း ၉၊ တောင်သာ ပလဖ၊  မိထ္ထီလာ ပကဖနဲ့ ညောင်းဦးမြို့နယ်က တပ်ရင်း ၅  တို့ပူးပေါင်းခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက် မနက်ကလည်း ‌တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေဟာ  တောင်သာမြို့နယ်၊ ဝဲလောင်ရွာအနီး လျှပ်စစ်ဓါတ်အားပေးစက်ရုံကိုစောင့်နေတဲ့ စစ်အုပ်စုကိုလည်း စီးနင်းတိုက်ခိုက်ခဲ့ကြပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#တောင်သာ #စစ်ကောင်စီ #တိုက်ခိုက်ခံရ  #စွပ်ကျယ်စက်ရုံ #မီးရှို့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10