ခန့်အောင်

ပေါင်းတည်မှာ ကျောင်းသားတဦး ရေနစ်သေဆုံး

“ညနေ ၆ နာရီလောက်ကတည်းက ရှာတာ ည ၈ နာရီကျော်မှဆည်မြောင်းထဲကနေ အလောင်း ပြန်တွေ့တာ။ တွေ့တဲ့နေရာက သူ့အိမ်နဲ့ သုံးမိုင်လောက်‌ဝေးတယ်။ ရေကူးသွားရင်းနစ်တာ ဖြစ်နိုင်တယ်”

နတ်မောက်မှာ ဗိုလ်မှူးတဦးအသတ်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က ဗိုလ်မှူးတဦးကို သေနတ်နဲ့ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ နတ်မောက်တော်လှန်ရေးအင်အားစုမှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး တဦးသေဆုံး

“တဲထဲဝင်နားချိန်မှာ ဆော်တာ။ **နှစ်ကောင်ကိုမှန်ပြီး တကောင်က ပွဲချင်းပြီးသေတာ။ သေတဲ့ကောင်ကို လက်ပံခုံရွာထဲမှာ အိမ်တွေနဲ့အတူ မီးရှို့သွားတာ”

ရှစ်တန်း အင်္ဂလိပ်စာ မေးခွန်းပေါက်လို့ စာမေးပွဲရက်နောက်ဆုတ်ရ

“မေးခွန်းက တရက်ကြိုပြီး အွန်လိုင်းပေါ်မှာ ပေါက်နေတာဆိုတော့ စဉ်းစားစရာပေါ့။ ဖြေရမယ့် ကျောင်းသား ကျောင်းသူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်ရတယ်“

ပစ်ခတ်ခံရလို့ ဆေးကုနေရတဲ့ ပျူစောထီးဆိုသူ သေဆုံး

"အလောင်းကို ဆေးရုံကနေ ရွာကို ပြန်တိုက်(ပြန်သယ်)လာတာ သေချာပါတယ်။ သင်္ဂြိုဟ်တာကိုတော့ စုံစမ်းမထားမိဘူး”

မင်းလှမှာ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေကို စစ်ကောင်စီဘက်က လိုက်ဝေ

“အဖက်လုပ်မပြောချင်လို့ စစ်မှုထမ်းစာစောင်ယူလာရတာ သိပ်တော့မယူချင်ဘူး။ သူတို့ စစ်တပ် အတွက် အသေမခံနိုင်ဘူး။ မတတ်သာလို့ ဝင်ရရင်လည်း အသက်မသေအောင် ကြိုးစားရမှာပဲ”

တောင်တွင်းကြီးမှာ ပြည်သူ့စစ်ကိုထောက်ပံ့ဖို့ငွေ‌တောင်းတဲ့ အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

”ဆိုင်ကယ်ကို ရှေ့က မောင်းလာတဲ့ လင်းလင်းစိန်ကို အရင်ပစ်ပြီးမှ အုပ်ချုပ်ရေးမှူးကို ဆက်ပစ်တာ။ အုပ်ကြီးက တခါတည်းသေတယ်။ လင်းလင်းစိန်ကတော့ မသေသေးဘူး“

မင်းလှတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ စျာပနအခမ်းအနား(ရုပ်/သံ)

ရဲဘော်ကုလားဟာ မင်းလှမြို့နယ် ပဲခူးရိုးမက ခါချဉ်တောင်ကို တက်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဖေဖေါ်ဝါရီလ ၁၈ ရက်က တနေကုန်နီးပါး တိုက်ခိုက်နေချိန် ညနေ ၃ နာရီလောက်က တိုက်ပွဲမှာ စစ်ကောင်စီတပ်ကပစ်တဲ့ ကျည် ဦးခေါင်းထိမှန်ကျဆုံးခဲ့တာလို့ ပြောပါတယ်။

ပဲခူးရိုးပေါ်တက်လာတဲ့ စစ်ကြောင်းနဲ့ PDF တို့ တိုက်ပွဲဖြစ်လို့ နှစ်ဘက်သေဆုံးမှုရှိ

”မနေ့က တိုက်ခိုက်မှု လေးကြိမ်အတွင်းမှာ ‌** တွေကို အသားစီးယူပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ သူတို့က ရှေ့ကို တိုးလာလိုက်၊ ကျနော်တို့ တိုက်လိုက်၊ သူတို့ လမ်းကြောင်းကို ကြိုပြီး မိုင်းထောင်လိုက်၊ လက်နက်ငယ်တွေနဲ့ ပစ်ကြနဲ့။ **တွေ အထိနာတဲ့ ပွဲပဲ“

ပေါင်းတည်က စစ်ကောင်စီသတင်းပေးဆိုသူကို PPDF က ရှင်းလင်း

“သူ့အိမ်သွား ဝိုင်းတာမှာ မတွေ့လို့ ညောင်နီပင်ရွာနားက နွားစားကျက်မှာ နွားကျောင်းနေတာကို တွေ့ပြီး ရှင်းပစ်ခဲ့တာ“

ကြို့ပင်ကောက်မှာ သစ်လုပ်ငန်းဝန်ထမ်းနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေ

“ဝါးရုံအောက်မှာ နားနေတဲ့အချိန်မှာ တိုက်ရင်း သေကုန်ကြတာ။ သူတို့ဘက်ကလည်း ၄၀ မမတွေ လက်နက်ငယ်တွေနဲ့ ပစ်ကြတာ ၁၅ မိနစ်လောက်ကြာတယ်။ ကျန်တဲ့ပျူစောထီးတွေကတော့ ထွက်ပြေးကုန်ကြတယ်”

မင်းလှမြို့နယ် ခလရ(၁) တပ်ရင်းမှာ စစ်သားအင်းအားနည်းလို့ ပြည်သူ့စစ်နဲ့ အင်အားဖြည့်တင်းနေရ

“တပ်ထဲမှာက မနှစ်(၂၀၂၃)ကတည်းကစပြီး ခြောက်ကပ်နေတာ။ အကျိုးအကန်းပဲ ကျန်တာလေ။ ဒါကြောင့် အခုနှစ်ဆန်းပိုင်းကတည်းက ပြည်သူ့စစ်တွေကို ပျမ်းမျှ တမြို့ ၄၊ ၅ ယောက်လောက်နဲ့ အလီလီ ခေါ်ထည့်ထားရတာ“

သုံးဆယ်မြို့ပေါ်မှာ PDF နဲ့ စစ်ကောင်စီ ပြန်လှန်ပစ်ခတ်မှုဖြစ်

သုံးဆယ်မြို့၊ အလယ်ကုန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းမဘေး ၉ လမ်းထိပ်က ဝတ်ရည်မွန်စားသောက်ဆိုင်ရှေ့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဖေဖေါ်ဝါရီ ၁၅ ရက် ည ၈ နာရီခွဲလောက်မှာ ပစ်ခတ်ကြတာလို့ ပြောပါတယ်။

တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ရဲဘော်ကို ကောင်းမွန်စွာသင်္ဂြိုဟ် (ရုပ်သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်တဦးကို ဖေဖေါ်ဝါရီလ ၁၅ ရက် မနက် ၉ နာရီက ကောင်းမွန်စွာ သင်္ဂြိုဟ်ခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ ၂ က တပ်ခွဲမှူး ဗိုလ်ကျားဟိန်းက ပြောပါတယ်။

ကြို့ပင်ကောက်မှာ ယာဥ်တိုက်မှုဖြစ်လို့ တဦးသေပြီး သုံးဦးဒဏ်ရာရ

"သေဆုံးတဲ့ဦးလေးက စက်ဘီးစီးနေတာကို ကားက အရှိန်လွန်ပြီး နောက်ကတိုက်တာ။ စက်ဘီးသမားက ပွဲချင်းပြီးဆုံးသွားတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10