ကြို့ပင်ကောက်က နယ်မြေရဲစခန်းတခု တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ

ကြို့ပင်ကောက်က နယ်မြေရဲစခန်းတခု တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်ထဲက နယ်မြေရဲစခန်းတခုကို တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုတွေရှိခဲ့တယ်လို့ တပ်ရင်းအမှတ် ၃၈ဝ၂၊ တပ်ခွဲ ၆ Black Dragon(GBK PDF) က သတင်းထုတ်ပြန်ထားပါတယ်။

ကြို့ပင်ကောက်မြို့နယ်ထဲက အလယ်ကုန်းနယ်မြေရဲစခန်းကို ဩဂုတ် ၂၇ ရက် ည ၈ နာရီလောက်က တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်လောက်ဖြစ်ခဲ့ပြီး ပစ်ခတ်ချိန်အတွင်း  ရဲစခန်းအပေါက်ဝမှာရှိတဲ့ စစ်ကောင်စီတပ်သားတဦးကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က စခန်းရဲ့ မျက်စောင်းထိုး ကိုက် ၁၅၀ နေရာလောက်ကပစ်တာပါ။ စခန်းထဲမှာလည်း မီးတွေကဖွင့်ထားတာ။ စစ်ယူနီဖောင်းဝတ်တယောက် လဲကျသွားတာကို မြင်လိုက်ရတာ။“ လို့  Black Dragon (GBK PDF) တပ်ခွဲမှူး ရိုးမနဂါးက ပြောပါတယ်။

ရဲစခန်းအတွင်းကလည်း G 3 အပါအဝင် လက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်ရေး ရဲဘော်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

အဲဒီနယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ မေ ၃ ရက် မွန်းလွဲ ၂ နာရီလောက်ကလည်း Black Dragon (GBK PDF) အဖွဲ့က တိုက်ခိုက်ခဲ့ပြီး အခုအကြိမ်ဟာ ဒုတိယမြောက်အကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

BlackDragon (GBK PDF) တပ်ဖွဲ့ဟာ ဩဂုတ် ၁၈ ရက်မနက် ၂ နာရီလောက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာက ပျူစောထီးတွေဆီကိုလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ကြပါသေးတယ်။ 

ပုံစာ - BlackDragon(GBK PDF) တပ်ဖွဲ့ဝင်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #နယ်မြေရဲစခန်း #တိုက်ခိုက်ခံရ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10