သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ လေကြောင်းရန်နဲ့ စစ်အကြွင်းအကျန်ပစ္စည်းတွေ ရှောင်ရှားနည်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူတွေကို အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဟောပြောပွဲကို ဩဂုတ် ၂၃ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တာလို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းရဲ့ မဟာမိတ်နဲ့ ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ကိုကျော်ကြီးက ပြောပါတယ်။
အခုဟောပြောမှုအစီအစဉ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး ဩဂုတ် ၁၉ ရက်ကစတင်ကာ ကျေးရွာတွေကို လှည့်လည်ပြီး ပြန်လည်ဟောပြောနေတာဖြစ်တယ်လို့ ဆိုပါတယ်။
အညာဒေသမှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ပစ်ခတ်လို့ ထိခိုက်သေဆုံးတာတွေရှိတဲ့အပြင် တွေ့ရှိတဲ့ကျည်ဆန်တွေကို စမ်းသပ်ရာက ထိခိုက်သေဆုံးတာတွေရှိတဲ့အတွက်လည်း အသိပညာပေးဟောပြောတာဖြစ်ပြီး လက်ရှိအချိန်အထိ ကျေးရွာ ၉ ရွာခန့်ကို ဟောပြောပြီးဖြစ်တယ်လို့ ပြောပါတယ်။
လေကြောင်းရန်နဲ့ စစ်အကြွင်းအကျန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပထမအကြိမ်အသိပညာပေးဟောပြောမှုကိုလည်း ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီက မြိုင်မြို့နယ်ထဲက ကျေးရွာတရွာမှာ ပြုလုပ်ခဲ့သလို ဟောပြောမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP
#မြေလတ်အသံ
#မကွေး #မြိုင် #လေကြောင်းရန် #စစ်အကြွင်းအကျန် #ဟောပြောပွဲ
Share Share Share