သုံးဆယ်မှာ ချောင်း‌ရေလျှံပြီး ပြည်လမ်းမပေါ်ရေကျော်ကာ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်‌ရောက်နေ

သုံးဆယ်မှာ ချောင်း‌ရေလျှံပြီး ပြည်လမ်းမပေါ်ရေကျော်ကာ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်‌ရောက်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် သုံးဆယ်ချောင်းရေလျှံတဲ့အတွက် စက်တင်ဘာ ၁၁ ရက် ဒီကနေ့မနက်အစောပိုင်းက ရန်ကုန် - ပြည်လမ်းပေါ်ရေ‌ကျော်ခဲ့တယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန် - ပြည်လမ်းပေါ်ရှိ အလယ်ကုန်းရပ်ကွက် ဘုရားလေးအနီးနဲ့  ပစ်တိုင်း‌‌‌ထောင်စားသောက်ဆိုင်ရှေ့တို့မှာ ဒီမနက် ၄ နာရီလောက်က စတင်ရေကျော်ပြီး မွန်းလွဲ ၂ နာရီလောက်မှာ ရေပြန်ဆင်းသွားတယ်လို့ ပြောပါတယ်။

သုံးဆယ်မြို့ သုံးဆယ်ချောင်းတလျှောက်က အနောက်သပြေကုန်း၊ ရွာမ၊ ပေပင်ကုန်း၊ ဆိုင်းစုစတဲ့ ရပ် ကွက်တွေကိုတော့  မနေ့ညနေ ၃ နာရီလောက်ကစတင် ရေဝင်‌ရောက်ကာ ဒီနေ့တိုင်ဆက်လက်ရှိနေ တယ် လို့ ဆိုပါတယ်။

“လမ်းပေါ်ရေကျော်တယ်ဆိုပေမယ့်  ကားလေးတွေ ဖြည်းဖြည်းချင်းသွားလို့ ရတယ်။ အခုတော့ ရေစီး ချောင်နေတယ် မနက်ဖန်ဆို ရေလုံးဝကျသွားနိုင်တယ်၊ မိုးအရမ်းရွာရင်တော့ ပြောလို့ မရဘူး။”လို့ သုံးဆယ်မြို့ခံတဦးက ပြောပါတယ်။

သုံးဆယ်မြို့ရဲ့ အရှေ့ဘက်မှာ သုံးဆယ်ဆည်ရှိပြီး တောင်ပေါ်မှာ မိုးရွာသွန်းတာရှိသလို သုံးဆယ်ဆည် ရေလွှတ်တဲ့အတွက် ချောင်းရေလျှံ‌တာဖြစ်ကြောင်း ပြောဆိုနေတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။ 

လက်ရှိမှာ သုံးဆယ်ချောင်းစီးဝင်တဲ့ သုံးဆယ်မြို့အနောက်ဘက်ရှိ မြစ်မခမြစ်ထဲမှာ ‌ရေနည်းပါးနေတဲ့ အတွက် ‌ရေစီးမြန်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရေဝင်တဲ့ရပ်ကွက်က လူဦးရေ ၅၀ ဦးလောက်ကိုလည်း ဘုန်းတော်ကြီးကျောင်းတကျောင်းကို ပို့ထားပြီး လက်ရှိအချိန်ထိ မိုးရွာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သာယာဝတီခရိုင်ထဲမှာ ရေကြီးရေလျှံဖြစ်စဉ်ကလည်း သုံးဆယ်မြို့က ရပ်ကွက်နဲ့ကျေးရွာတွေကို ရေဝင်ရောက်ခဲ့ပါသေးတယ်။

ပုံစာ - သုံးဆယ်မြို့ ရေဝင်‌ရောက်မှုမြင်ကွင်း။

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #သုံးဆယ် #ရေကြီး #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10