စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ မင်းလှက ကလေးတဦးထိမှန်ဒဏ်ရာရ

စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ မင်းလှက ကလေးတဦးထိမှန်ဒဏ်ရာရ

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တဦး ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း Myanmar Defense Force တပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

မင်းလှမြို့နယ်၊ ကံတင်ဘီးလင်းဆည်ဘောင်ပေါ်ကနေ စက်တက်ဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီခွဲ‌လောက်မှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် ဆည်အနီးမှာနေတဲ့ အသက် ၁၀ နှစ်အရွယ် ယောက်ျားလေးတဦး လက်နက်ကြီးအစထိမှန်ကာ ပခုံးဖောက်ထွက် ဒဏ်ရာ ရရှိခဲ့တာလို့ ဆိုပါတယ်။

“လောလောဆယ်တဲ့ ရှိတဲ့ဆရာ၊ ဆရာမတွေက အဆင်ပြေအောင်ကုသပေးထားပါတယ်။ ပစ်တာကတော့ PDF တပ်ရင်းတပ်ဖွဲ့တွေရှိတယ်ဆိုပြီးပစ်တာ။ တကယ်တမ်းက PDF တွေမဟုတ်ဘဲ အရပ်သား ပြည်သူတွေနေတဲ့နေရာတွေ ဖြစ်နေတာ” လို့ Myanmar Defense Force(MDF) ရဲ့ တပ်ရင်းမှူး ဗိုလ်စောဂျိမ်းက ပြောပါတယ်။

အခုပစ်ခတ်တဲ့ စစ်ကောင်စီတပ်သားတွေဟာ စမ်းဘုတ်ရွာမှာတပ်စွဲနေရာကနေ လွန်ခဲ့တဲ့ ၁ ပတ်လောက်ကမှ ကန်တင်ဘီးလင်းဆည်ကို လာရောက်တပ်စွဲနေခဲ့တာလို့ သူက ဆက်ပြောပါတယ်။ 

မင်းလှမြို့နယ်၊ စမ်းဘုတ်၊ ကျွဲမကိုင်းနဲ့ ဆားချောင်းရွာတွေမှာ စစ်ကောင်စီတပ်သားတွေက ဝင်ရောက် တပ်စွဲနေတဲ့အတွက် ဒေသခံတွေအိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ MDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ကလည်း မင်းလှမြို့နယ်၊ ဆားချောင်းရွာအနီးမှာစစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းက ဆားချောင်းကျေးရွာက နေအိမ် ၂၆ လုံးနဲ့ စစ်ရှောင်တဲ ၄ လုံးကိုလည်း မီးရှို့ခဲ့ပါသေးတယ်။ 

ပုံစာ - စစ်ကောင်စီက ပစ်တဲ့လက်နက်ကြီးကျည်ထိမှန်လို့ ဒဏ်ရာရရှိတဲ့ ကလေးငယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #မင်းလှ #စစ်ကောင်စီ #လက်နက်ကြီးပစ် #ကလေးဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10