မုန်တိုင်းအရှိန်ကြောင့် ၅ ရက်အတွင်း ပဲခူး၊ မကွေးနဲ့ မန္တလေးတိုင်းမှာ မိုးကြီးနိုင်၊ ရေကြီးမြေပြိုမှုအန္တရာယ်ပါ သတိပြုဖို့လိုအပ်

မုန်တိုင်းအရှိန်ကြောင့် ၅ ရက်အတွင်း ပဲခူး၊ မကွေးနဲ့ မန္တလေးတိုင်းမှာ မိုးကြီးနိုင်၊ ရေကြီးမြေပြိုမှုအန္တရာယ်ပါ သတိပြုဖို့လိုအပ်

တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ် (SOULIK) အရှိန်ကြောင့် ပဲခူး၊ မကွေးနဲ့ မန္တလေးတိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ်အများစုမှာ မိုးကြီးလေပြင်းတိုက်ခတ်ပြီး မြေပြိုမှုတွေဖြစ်လာနိုင်တယ်လို့ စက်တင်ဘာ ၁၉ ရက် ဒီမနက် ၉ နာရီခွဲတိုင်းထွာချက်အရ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ဒါ့ကြောင့် စက်တင်ဘာ ၂၀ ရက် မနက်ဖြန်ကစပြီး စက်တင်ဘာ ၂၅ ရက်အထိ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ရှမ်း၊ ချင်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက်မိုးကြီးတာနဲ့ နေရာကွက်ပြီးမိုးကြီးတာအပြင် လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီမုန်တိုင်းဟာ ဒီနေ့ညပိုင်းမှာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကိုဖြတ်ကျော်နိုင်ကာ စက်တင်ဘာ ၂၀ ရက်မှာ ၎င်းရဲ့အကြွင်းအကျန် တိမ်တိုက်တွေနဲ့ လေပွေလှိုင်းဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေကို စတင်ဖြတ်ကျော်ကာ အနောက်-အနောက်တောင်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည်အစပျိုး အားကောင်းလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မိုးသည်းထန်စွာရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တပြတ်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့သဘာဝဘေး အန္တရာယ်တွေ ဖြစ်လာနိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်၊ချောင်းတွေအနီးမှာ နေထိုင်သူတွေအနေနဲ့ ရေကြီး၊ရေလျှံတာတွေကို ကြိုတင်သတိပြုရှောင်ရှားဖို့ကို အသိပေးထားပါတယ်။ 

ဒါ့အပြင် ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးတွေအနေနဲ့လည်း ကြိုတင်သတိပြုထားဖို့ ဆိုထားပါတယ်။ 

 

#မြေလတ်အသံ

#မုန်တိုင်း #မကွေး #ပဲခူး #မန္တလေး #မိုးကြီးလေပြင်းတိုက် #ရေကြီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10