သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်က စစ်ရှောင်အမျိုးသမီးတဦး ဒီဇင်ဘာလ ၃၀ ရက်မနေ့ညနေက မြွေကိုက်ခံရကြောင်း ဒေသခံတဦးဆီက သိရပါတယ်။
အသက်၂၄ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတဦးဖြစ်ပြီး ဒီဇင်ဘာလ ၃၀ ရက်ညနေ ၇ နာရီလောက်မှာ မြွေကိုက်ခံရတာလို့ သိရပါတယ်။
"သူကကျွဲကိုအရင်နေရာကနေ တခြားနေရာကို ရွှေ့ဖို့သွားတာမှာ မှောင်နေပြီ၊ နေတဲ့တဲနဲ့လည်း ဝေးလှတာတော့မဟုတ်ဘူး၊ အဲလိုသွားတုန်းဘယ်ဘက်ခြေကို ပိုးထိတာလို့" ဒေခံတဦးကပြောပါတယ်။
လက်ရှိမှာ မြွေကိုက်ခံထားရတဲ့ အမျိုးသမီးငယ်ကို လိုအပ်တဲ့မြွေဆိပ်ဖြေဆေးထိုးပေးတာပြီး စိုးရိမ်စရာမရှိဘူးလို့ သူကဆက်ပြောပါတယ်။
ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းနဲ့ အနီးဝန်းကျင်တွေမှာ မကြာခဏဆိုသလို မြွေကိုက်ခံရမှုတွေရှိနေပြီး စစ်ရှောင်ကာလ ၈ လအတွင်း မြွေကိုက်ခံရသူ အမျိုးသား ၃၃ ဦးနဲ့အမျိုးသမီး ၈ ဦးရှိကာ အဲဒီအထဲက အမျိုးသား ၃ ဦးနဲ့ ၈ နှစ်အရွယ်မိန်းကလေးငယ်တဦးသေဆုံးခဲ့ပါတယ်။
သေဆုံးသူ ၄ ဦးမှာမှ ကိုင်းရိုးရွာနေ အသက်၆၁ နှစ်အရွယ် ဦးဝင်းညွှန့်ဟာ စစ်ကောင်စီရဲ့ ညမထွက်ရအမိန်ကြောင့် လုံလောက်တဲ့ဆေးကုသခွင့်မရပဲ ဒီဇင်ဘာလ ၁၇ ရက်မှာ သေဆုံးခဲ့ရတာလို့ ဒေသခံတဦးဆီက သိရပါတယ်။
Share Share Share