ကမ္ဘာ့အပူဆုံးမြို့စာရင်းမှာပါခဲ့တဲ့ မုံရွာမှာ မိုးသက်လေပြင်းကျလို့ နေအိမ်တချို့ပျက်စီး

ကမ္ဘာ့အပူဆုံးမြို့စာရင်းမှာပါခဲ့တဲ့ မုံရွာမှာ မိုးသက်လေပြင်းကျလို့ နေအိမ်တချို့ပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မေ ၁ ရက် မနေ့က လေပြင်းတိုက်ခတ်ကာ မိုးရွာသွန်းမှုကြောင့် အဆောက်အဦ တချို့  ပျက်စီးကာ သစ်ပင်နဲ့ ဓာတ်တိုင်တွေလည်း လဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ‌ညနေ ၄ နာရီမှာ လေကြမ်းကာ မိုးစတင်ရွာသွန်းခဲ့ပြီး ၄ နာရီ ၄၀ မိနစ်ထိ ရွာသွန်းခဲ့တယ်လို့ ဆိုပါတယ်။

“လေရောမိုးရော တပြိုင်တည်းကျတာ၊ နေရာအနှံ့ သစ်ကိုင်းတွေကျိုး၊ ဓါတ်တိုင်တွေလဲ၊ သွပ်မိုးတွေလန်၊ တချို့အိမ်လေးတွေ ခေါင်တွေပါလန်တယ်။” လို့ ‌မုံရွာဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

မုံရွာမြို့ တဖက်ကမ်းက ဆားလင်းကြီးမြို့နယ်မှာလည်း မိုးသက်လေပြင်း ကျရောက်လို့ နေအိမ်တချို့ အမိုးလန် ပျက်စီးတာတွေဖြစ်ခဲ့ပြီး ဓာတ်တိုင်နဲ့ သစ်ပင်တွေ လဲခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့ဟာ ဧပြီ ၂၉ ရက်တုန်းက အပူချိန် ၄၄.၈ ဒီဂရီဆဲလ်ဆီးယပ် နဲ့ ကမ္ဘာ့အပူဆုံးမြို့  ၁၅ မြို့စာရင်းရဲ့ နံပါတ် ၁၃ နေရာမှာ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

မေ ၁ ရက်မှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ အပူချိန် ၄၂ ဒီဂရီဆဲလ်ဆီးယပ် ကနေ ၄၄ ဒီဂရီဆဲလ်ဆီးယပ် ကြားရှိနေတယ်လို့လည်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။

ပုံစာ- မုံရွာမြို့ မိုးသက်လေပြင်းကျပြီးနောက် အပျက်အစီးများကို တွေ့ရစဉ်။ (ဓါတ်ပုံ - Facebook)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #လေပြင်း #မိုးရွာသွန်း #အဆောက်အဦ #သစ်ပင် #ဓာတ်တိုင် #ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10