ကလေးမြို့ပေါ်မှာ နေအိမ်မီးလောင်မှုဖြစ်ပြီး မိခင်နဲ့ကလေးငယ် မီးထဲပါသေဆုံး

ကလေးမြို့ပေါ်မှာ နေအိမ်မီးလောင်မှုဖြစ်ပြီး မိခင်နဲ့ကလေးငယ် မီးထဲပါသေဆုံး

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကလေးမြို့နယ်၊ မြို့လှရပ်ကွက်၊ နယ်မြေ ၉ ရှိ နေအိမ်တလုံး ယမန်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး သားအမိ ၂ ဦး မီးထဲပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၁၁ ရက် မနေ့ည ၉ နာရီဝန်းကျင်မှာ နေအိမ်မီးလောင်ကျွမ်းခဲ့တာပြီး မီးလောင်မှုဖြစ်ပွားစဉ် နေအိမ်အပေါ်ထပ်မှာရှိနေတဲ့ အသက် ၄၀ ဝန်းကျင်မိခင်နဲ့ အသက် ၁၀ နှစ်ဝန်းကျင် သားဖြစ်သူတို့ မီးလောင်သေဆုံးခဲ့တဲ့အပြင် နေအိမ်တခုလုံးလည်း မီးလောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

“ဝါယာရှော့ဖြစ်ပြီး လောင်တာလို့သိရတယ်။ ဖခင်ဖြစ်သူပဲ လွတ်တယ်။ ဇနီးနဲ့သားကို ခုန်ချခဲ့ဖို့ ခေါ်တယ် ပြောတယ်။ သားအမိတွေက မခုန်ရဲကြတာထင်တယ်။ အိမ်ကထရံကာဆိုတော့ လောင်တာတအား မြန်တယ်။ ကယ်ချိန်မရလိုက်တာနေမှာ။ သားအမိတွေအလောင်းက ဖက်လျက်သားပုံစံလေး” လို့ ကလေးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

နေအိမ်မီးလောင်မှုဟာ အချိန် ၁ နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီး ည ၁၀ နာရီဝန်းကျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ကာ တခြားနေအိမ်တွေကို ကူးစက်လောင်ကျွမ်းတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ကလေး #နေအိမ်မီးလောင် #လူသေဆုံး #သတင်း #မိခင် #ကလေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10