ကာကွယ်ရေးအဖွဲ့တွေဟာ စစ်တပ်နဲ့မခြားဘူးဆိုတဲ့အမြင်မျိုး ဖြစ်မသွားစေချင်ဘူး (ရုပ်/သံ)

အညာမှာ တော်လှန်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ PDF တပ်ရင်း၊ တပ်ဖွဲ့တွေလိုက်နာရမယ့် စစ်သည်တော်ကျင့်ဝတ်တွေကို အမျိုးသမီးမဟာမိတ်တပ်ပေါင်းစု (Women Alliance Burma) အဖွဲ့က သင်ကြားပို့ချပေးနေပါတယ်။

၂၀၂၁ ခုနှစ်၊ ဇွန်လမှာစတင်ကာ မုံရွာမြို့မှာ စစ်သည်တော်ကျင့်ဝတ်သင်တန်းကို အစပျိုးသင်ကြားပေးခဲ့ပြီး အဲ့ဒီကနေ အခုအထိ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြို့နယ်တွေမှာ လိုက်လံသင်ကြားပို့ချနေပြီဖြစ်ပါတယ်။

လက်ရှိ စစ်ပွဲတွေအားကောင်းနေတဲ့ အညာဒေသမှာ စစ်ကောင်စီက ဥပဒေမဲ့သတ်ဖြတ်မှုတွေ  နေအိမ်မီးရှို့တာတွေ ကျူးလွန်နေတာဖြစ်သလို လက်နက်ကိုင်တော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေထဲမှာလည်း  ဥပဒေမဲ့ကျူးလွန်နေတာတွေ ဖြစ်လာနေတဲ့အတွက် ဒါတွေကို တားဆီးဖို့ လိုအပ်နေတာ‌ကြောင့် PDF တပ်ရင်း၊ တပ်ဖွဲ့တွေကို စစ်ကျင့်ဝတ်တွေ လိုက်နာအောင် အမျိုးသမီးမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင် မအေးမြင့်အောင်အောင်က သင်ကြားပေးနေတာပါ။

အညာမှာ တပ်ရင်းတပ်ဖွဲ့တွေကို အမျိုးသမီးမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင် မအေးမြင့်အောင်အောင်တယောက် ဘယ်လိုတွေ သင်တန်းပို့ချနေပါသလဲ၊ တပ်ရင်းတပ်ဖွဲ့တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ဘယ်အခြေအနေမှာရောက်ရှိနေလဲဆိုတာ မြေလတ်အသံက ဆက်သွယ်မေးမြန်းတင်ဆက်ပေးထားပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အမျိုးသမီးကဏ္ဍ #စစ်သည်တော်ကျင့်ဝတ် #သင်ကြားပို့ချ #အမျိုးသမီးမဟာမိတ်တပ်ပေါင်းစု #မအေးမြင့်အောင်အောင် #လက်နက်ကိုင်တော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10