ကူးတို့ဆိပ်ရွာစခန်းသိမ်းတိုက်ပွဲ 96 soldiers တပ်ဖွဲ့ဝင် ရဲဘော်တဦး ကျဆုံး

ကူးတို့ဆိပ်ရွာစခန်းသိမ်းတိုက်ပွဲ 96 soldiers တပ်ဖွဲ့ဝင် ရဲဘော်တဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက စစ်အုပ်စုနဲ့ပျူစောထီးစခန်းအထိုင်ချထားတဲ့ ကူးတို့ဆိပ်ရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး 96 Soldiers(အညာဒေသ)တပ်ဖွဲ့က ရဲဘော်တဦးကျဆုံးတယ်လို့ တပ်ဖွဲ့ကတဆင့် သိရပါတယ်။

ဇူလိုင် ၁၃ ရက် မနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီနဲ့ပျူစောထီး ၃၀ ကျော်ရှိတဲ့ ကျေးရွာစခန်းကို အနီးကပ်ဝင်တိုက်ခဲ့တာဖြစ်ပြီး နေ့လယ် ၁ နာရီကျော်မှာ စစ်ကူတွေရောက်လာတဲ့အတွက် တပ်ပြန်ဆုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“သူတို့(စကစ)နေတဲ့ ခြံစည်းရိုးကိုဖောက်ပြီးတော့ ဘန်ကာ ၃ ခုကို ဝိုင်းထားတဲ့အခြေနေမှာ ကျနော်တို့ ဆီမှာပါလာတဲ့ RPG က error တက်ပြီး မထွက်ဘူး။ မထွက်တော့ ကျတဲ့ရဲဘော်က RPG ဖူးကို နောက်ပြန်ပို့တဲ့အချိန် ဘန်ကာထဲကပစ်လို့ ဦးထုပ်ကို နောက်ကနေမှန်ပြီး ငယ်ထိပ်တည့်တည့်ကနေ ပွင့်ထွက်သွားတာ”လို့ စစ်ရေးတာဝန်ခံ ရဲဘော်မန်းလေးက ပြောပါတယ်။

တိုက်ပွဲအတွင်း ကျည်ထိမှန်လို့ 96 soldiers - PDF အညာဒေသတပ်ခွဲက ရဲဘော် 40 (ဖိုတီး) ကျဆုံးခဲ့ပြီး Fighter One တပ်ဖွဲ့က ရဲဘော် ၃ ဦးလည်း ဒဏ်ရာရခဲ့ကာ ၁ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း လက်နက်ချို့ယွင်းချက်ဖြစ်တာတွေ၊ ရန်သူစစ်ကူစစ်ကြောင်းကို ဖြတ်တောက်မှုမလုပ်နိုင်ခဲ့တာတွေကြောင့်  စစ်ကောင်စီရဲ့ဘန်ကာ ၃ ခုကို အနီးကပ်ဝိုင်းထားတဲ့ အခြေအနေထိရောက်ခဲ့ပေမယ့် ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၄ ရက် မနက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကူးတို့ဆိပ်ရွာက စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ စခန်းစွန့်ပြီး ၃မိုင်ကျော်အကွာက ဇီးဖြူကုန်းပျူရွာကို ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။

“မနေ့ နေ့ခင်းပိုင်းမှာ မြင်းစီး(ရွာ)ကပျူတွေနဲ့ ကူးတို့ဆိပ်ကပျူတွေက ဇီးဖြူကုန်းရွာကို အကုန်ရွှေ့လာကြတယ်။ မြင်းစီးပျူနဲ့ ကူးတိုးဆိပ်ပျူတွေ နေရပ်စွန့်ပီး ဇီးဖြူကုန်းပေါင်းတာ ထူးတော့ထူးဆန်းနေတယ် ” လို့ ရွှေဘိုမြို့နယ်ဒေသခံတဦးက ပြောပါတယ်။

အဆိုပါတိုက်ပွဲကို 96 Soldiers - PDF( အညာဒေသ)၊ မဟူရာရွှေဘိုသား၊ ဂဠုန်တပ်တော်၊ ကနောင်တပ်ဖွဲ့၊ ကျောက်လုံးကြီး(KLG) Drone တပ်ဖွဲ့၊ Fighter One၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Shwebo Federal Army၊  Phoenix Wings၊ Phoenix Defence Froce(ဝက်လက်)၊ ပျံလွှားတပ်ဖွဲ့၊ Civil Armed force နဲ့ စွန်ရဲ ရွှေဘို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ LPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - ကျဆုံးရဲဘော်၏ ဦးထုပ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#96soidiers #တပ်ဖွဲ့ဝင် #ရဲဘော်40 #တိုက်ပွဲကျဆုံး #သတင်းတို #ရွှေဘို 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10