သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်ထဲမှာအခြေစိုက်တဲ့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ - Hero ပြောက်ကျားတပ်ဖွဲ့က ကျဆုံးရဲဘော်ကို စစ်ရေးအခြေနေကြောင့် ၁၄ ရက်ကြာ ဇွန် ၂၅ ရက်ရောက်မှသာ အမိန့်ပြန်ခဲ့ရတယ်လို့ တပ်ခွဲမှူးဗိုလ်မိုးကြိုးက ပြောပါတယ်။
ကျဆုံး ရဲဘော်အောင်နိုင်ဟာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဇွန် ၁၂ ရက်ကနေ ၁၅ ရက်ထိ ၄ ရက်ကြာတိုက်ပွဲမှာ ပထမဆုံးနေ့မှာ ဦးခေါင်းကို လက်နက်ကြီးကျည်ထိမှန်ကာ ကျဆုံးခဲ့ပြီး ဇွန် ၁၃ ရက် မနက်က အမိန့်မပြန်ဘဲ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ရတာလို့ ဆိုပါတယ်။
ရဲဘော်အောင်နိုင်ဟာ ဇွန် ၉ ရက်က စစ်တပ်နဲ့ ပေါင်းသွားတဲ့ အုတ်ဖိုမြို့နယ် အခြေစိုက် YOMA GBK PDF တပ်စိတ်မှူး ဆလိုင်း (ခ) လိုင်းယွန်း ဦးဆောင်တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ချိန်မှာ ကျဆုံးခဲ့တာလို့ ပြောပါတယ်။ Hero ပြောက်ကျားတပ်ဖွဲ့ဝင်အဖြစ် ၅ လကြာ ဝာာဝန်ထမ်းခဲ့တဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းဟာ အုတ်ဖိုမြို့နယ် ဝိုင်းရဲကင်းစခန်းမှာ အင်အား ၁၀၀ ကျော်နဲ့ ရှိနေပြီး ရိက္ခာနဲ့ စစ်သားအင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ကြို့ပင်ကောက် #ကျဆုံးရဲဘော် #အမိန့်ပြန် #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ
Share Share Share