ကျီကုန်းရွာက စစ်တပ်ဂိတ် ၂ ခု ဝင်စီးခံရပြီး ၁၉ ဦးသေဆုံးကာ သေနတ် ၁၆ လက်ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းရွာတံတားမှာတပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်စခန်း ၂ ခုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၉ ဦး သေဆုံးပြီး သေနတ် ၁၆ လက်ရခဲ့တယ်လို့ ရေဦးမြို့နယ်ပကဖ ဓူဝံအဖွဲ့ရဲ့ စစ်ရေးဦးဆောင်သူ ကိုဂျာဂျာက ပြောပါတယ်။ 

ဇူလိုင် ၂၄ ရက်ညနေ ၃ နာရီခွဲဝန်းကျင်က ကျီကုန်းတံတားရဲ့ ဘယ်ညာ ၂ ဖက်မှာ စစ်ကောင်စီနဲ့ ပျူစောထီး ၂၃ ဦး အထိုင်ချထားတဲ့ ကင်းစခန်း ၂ ခုကို စီးနင်းခဲ့တာပါ။ 

ပစ်ခတ်နေချိန်အတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတချို့လည်းရှိကာ အဲ့ဒီထွက်ပြေးသူတွေထဲက လယ်ကွင်းထဲမှာ လဲကျသေဆုံးသူတွေရှိပြီး မျက်မြင်အတည်ပြုနိုင်တဲ့ သေဆုံးတပ်သားကတော့ ၁၉ ဦးရှိတယ်လို့ ဆိုပါတယ်။ 

“ပစ်ခတ်မှုက ၅ မိနစ်ပဲ။ (စကစဘက်က) ပြန်ပစ်ချိန်မရဘူး။ ကျနော်တို့ကပဲ အကုန်လုံး ဖိပစ်ဆုတ်တာ။ သေဆုံးမှုက အဲ့ဂိတ်မှာရှိတဲ့**တွေ အကုန်သေတာပဲ။ အရှင်ကတော့ မရဘူး၊ ကျနော်တို့မျက်စိရှေ့မှာ ရှင်းလင်းခဲ့တာကတော့ ၁၉ လောင်းပေါ့။”လို့ ရေဦးမြို့နယ် ပကဖ ဓူဝံအဖွဲ့ရဲ့ စစ်ရေးဦးဆောင်သူ ကိုဂျာဂျာက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ ကိုင်ဆောင်တဲ့ ကာဘိုင် ၁၀ လက်၊ ပြောင်းချော ၁ လက်၊ MA 1 ၁ လက်၊ 79 ၁ လက်၊ G 3 ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ရေဦးမြို့နယ် ပကဖ ဓူဝံအဖွဲ့နဲ့ ကန့်ဘလူခရိုင် ပကဖအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။

ဇူလိုင် ၂၅ ရက်မနက်ပိုင်းမှာတော့ ကျီကုန်းရွာအနီးက ကာဘိုးကျေးရွာမှာ စစ်ကောင်စီဘက်က အင်အားထပ်တိုးပြီး စခန်းချနေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း ၊တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်ကောင်စီ #စခန်းသိမ်း #သေဆုံး #လက်နက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10