သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က စစ်ကောင်စီသတင်းပေးလို့ သတင်းထွက်နေသူ ၁ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၁ Dragon Brother (GBK PDF)က သတင်းထုတ်ပြန်ထားပါတယ်။
ကြို့ပင်ကောက်မြို့နယ်၊ ကုန်းရွာအုပ်စု၊ ကွင်းချောင်းရွာက ကိုနေထက်လင်း ဆိုသူကို နိုဝင်ဘာ ၂၈ ရက် မနေ့ည ၇ နာရီခွဲလောက်က သူ့ရဲ့နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
“သေနတ်နဲ့ ၆ ချက်ပစ်ခဲ့တာပါ။ ပွဲချင်းပြီးသေပါတယ်။ ကျနော်တို့ရောက်တဲ့အချိန်မှာ သူက အိမ်မှာတယောက်ထဲရှိနေတာပါ။“ လို့ Dragon Brother (GBK PDF)ရဲ့ ယာယီစစ်ကြောင်းမှူးက ပြောပါတယ်။
ပစ်ခတ်ပြီးနောက် ကိုနေထက်လင်းဆီက လက်ကိုင်ဖုန်း ၁ လုံး၊ ဆိုင်ကယ်အုံနာဘုတ်နဲ့ ငွေသား ၁၉ သိန်းကျပ်ကို သိမ်းယူခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ကိုနေထက်လင်းနဲ့ သူ့ရဲ့ညီအကို ၂ ဦးကလည်း နှီးရောင်းသမားအသွင်ယူကာ စစ်ကောင်စီကို သတင်းပေးတာအပြင် စစ်ကြောင်းထွက်ချိန်မှာလည်း ဆိုင်ကယ်နဲ့ရှေ့ပြေးသွားပြီး ကင်းထောက်လုပ်ပေးတာတွေရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Dragon Brother (GBK PDF) တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်ကလည်း စစ်ကောင်စီသတင်းပေးလို့ သတင်းထွက်နေတဲ့ ကြို့ပင်ကောက်မြို့၊ နဂါးနီလမ်းက ကိုထွန်းမင်းစိုးကို ဒေါင်းလူးရွာအနီးမှာ သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။
ပုံစာ - သေဆုံးသူ ကိုနေထက်လင်း အလောင်းနှင့် သိမ်းယူခဲ့သည့် ဖုန်း၊ ဆိုင်ကယ်အုံနာဘုတ်၊ ပိုက်ဆံ၊ သက်သေခံကတ်ပြားများ။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ကြို့ပင်ကောက် #စစ်ကောင်စီ #စစ်တပ်သတင်းပေး #အသတ်ခံရ
Share Share Share