သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က စစ်ကောင်စီလမ်းပြနဲ့ ပျူစောထီးလို့ သတင်းထွက်နေသူ ၁ ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF က သတင်းထုတ်ပြန်ထားပါတယ်။
ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ရွာသား အသက် ၃၈ နှစ်အရွယ် ကိုကျော်လွင်ဦး ကို ဇီးကုန်းမြို့နယ်အစပ်၊ ဘော်ဘင်ဆည်အထက် (အရပ်ခေါ်)ဒိုးနွယ်ပေါက်လမ်းထိပ်မှာ နိုဝင်ဘာ ၂၆ ရက် မနေ့ကမနက် ၆ နာရီလောက်မှာ BTZM GBK PDF က သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
“သေနတ်ကျည် ၁ ချက်နဲ့ပဲ သေတာ။ အလောင်းကိုတော့ ခုထိလာမကောက်သေးဘူး။”လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ခွဲ တပ်ခွဲမှူးတေဇမင်းက ပြောပါတယ်။
ကိုကျော်လွင်ဦး ကို သူ့ဇနီးနဲ့အတူရှိချိန်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဇနီးကိုတော့ အန္တရာယ်မပြုဘဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ကိုကျော်လွင်ဦးရဲ့အလောင်းကို မနေ့ကညအထိ လာသယ်တဲ့သူမရှိသေးဘူးလို့ ဆိုပါတယ်။
ကိုကျော်လွင်ဦးဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူတွေကို PDF နဲ့ ဆက်သွယ်တယ်ဆိုကာ ဖမ်းဆီးဖို့ လမ်းညွှန်တာနဲ့ လမ်းပြလုပ်တာတွေအပြင် ငွေတောင်းတာတွေကိုလည်း ပြုလုပ်တဲ့အတွက် ခုလိုရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ နဂါးနီလမ်းက ပျူစောထီးဆိုသူ အသက် ၄၀ နှစ်ဝန်းကျင် ကိုထွန်းမင်စိုး ကို Dragon Brother (GBK PDF)က မြို့အဝင် ဒေါင်းလူးရွာအနီးမှာ သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။
ပုံစာ - သေဆုံးသူ ကျော်လွင်ဦး အလောင်း။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ကြို့ပင်ကောက် #ပျူစောထီးဆိုသူ #ပစ်သတ်ခံရ
Share Share Share