သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကို စက်တင်ဘာလ ၂၀ ရက်မနေ့က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၃ ရဲ့ တပ်ခွဲမှူးဆီက သိရပါတယ်။
ပစ်ခတ်ခံရသူဟာ အသက် ၆၀ နှစ်အရွယ် မြို့တွင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကြည်စိုး ဆိုသူဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက် မနေ့ညနေ ၃ နာရီခွဲလောက်က အလယ်ကုန်းရဲစခန်းနဲ့ မြို့တွင်းရွာကြား လမ်းပေါ်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“မြို့တွင်းရွာကနေ အလယ်ကုန်းကိုတယောက်တည်း ဆိုင်ကယ်နဲ့လာတာကိုပစ်တာ။ ဗိုက်ကို ၂ ချက် မှန် တယ်။ သူ့ကိုအလယ်ကုန်းရဲစခန်းက စစ်**တွေက ပြည်၊ ကုတင် ၁၀၀ သယ်သွားတာ" လို့ တပ်ခွဲမှူးက မြေလတ်အသံကို ပြောပါတယ်။
၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၃ က အဆိုပါပစ်ခတ်မှုဖြစ်စဉ်ကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံဗီဒီယိုကို ကြည့်ရှု ရာမှာ သေနတ် ၂ ချက်ပစ်ခတ်သံနဲ့အတူ အုပ်ချုပ်ရေးမှူး ဦးကြည်စိုးရဲ့ "အား"ဆိုတဲ့ အော်သံကို လည်းကြားရပါတယ်။
ဦးကြည်စိုးဟာ အလယ်ကုန်းရဲစခန်းအနီးက ပြည်သူ့နေအိမ် ၂ လုံးကို ချိတ်ပိတ်ရာမှာပါဝင်သလို ကျေး ရွာသားတွေအပေါ် ထောက်ခံစာတစောင်ကို ကျပ် ၂ သောင်း တောင်းယူတာတွေလည်းရှိပြီး ပြည်သူတွေ ရဲ့တိုင်ကြားချက်အရ ၃၈၀၁ တပ်ရင်း တပ်ခွဲ ၃ နတ်စစ်သည်အဖွဲ့ ၂ က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
နတ်စစ်သည်အဖွဲ့ ၂ ဟာ ပြီးခဲ့တဲ့ဩဂုတ်လ ၁၈ ရက်က ကြို့ပင်ကောက်မြို့နယ် ပဲခူးရိုးမထဲက နိုင်ငံပိုင်ကျွန်းသစ် ၄ တန်ကျော်ကို စစ်ကောင်စီနဲ့ပေါင်းကာ ခိုးထုတ်လာတဲ့ ဖောကား ၁ စီးကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ကြပါသေးတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#ပဲခူး #ကြို့ပင်ကောက် #အုပ်ချုပ်ရေးမှူး #သေနတ်ပစ်ခံရ #သေနတ် #သတင်း
Share Share Share