သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့က အမျိုးသားတဦး ဧပြီလ ၁၈ ရက်ဒီနေ့လယ်ပိုင်းမှာ ရေတွင်းထဲကို ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကြို့ပင်ကောက်မြို့နယ်၊ ဥက္ကံအုပ်စု၊ ကုန်းမြင့်ရွာက အသက် ၂၁ နှစ်အရွယ် ကိုဝေယံရှားဖြစ်ပြီး ဒီနေ့လယ် ၁ နာရီလောက်မှာ ၁၈ ပေအနက်ရှိတဲ့ ရေတွင်းထဲကို ပြုတ်ကျသေဆုံးတာလို့ သိရပါတယ်။
"သူတို့က အိမ်ပြင်ဆောက်နေတာ၊ လုပ်ရင်းကိုင်ရင်း သူ့အိမ်ခြံဝန်းထဲက ကျောက်ခွေ ရေတွင်းနှုတ်ခမ်းကနေ ခြေချော်ပြုတ်ကျပြီး ဇောက်ထိုးကျ ရေနစ်သေတာပါ" လို့ မြို့ခံတဦးက ပြောပါတယ်။
ရေတွင်းထဲပြုတ်ကျတာကိုသိရှိပေမယ့် အချိန်မီ ဆယ်ယူနိုင်ခြင်းမရှိတဲ့အတွက် သေဆုံးသွားတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
အလောင်းကို ကြို့ပင်ကောက်မီးသတ်တပ်ဖွဲ့က ဆယ်ယူပြီး နာရေးကူညီမှုအသင်း (ကြို့ပင်ကောက်) စေတနာ့ဝန်ထမ်းတွေက ပြည်သူ့ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ကြို့ပင်ကောက်မြို့၊ ကံဦး ၂ လမ်းနဲ့ လှည်းတန်းလမ်းမှာလည်း ပြီးခဲ့တဲ့ မတ်လ ၂၄ ညနေ ၅ နာရီလောက်ကလည်း အသက် ၃၈ နှစ်အရွယ် အတက်ရောဂါရှိတဲ့ အမျိုးသားတဦး ရေမြောင်းအတွင်း ပြုတ်ကျသေဆုံးခဲ့ပါသေးတယ်။
#မြေလတ်အသံ
Share Share Share