သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း ကျွဲဘိကျေးရွာအနီးမှာ ဖေဖေါ်ဝါရီလ ၁၅ ရက် မနေ့နေ့လယ်က အိမ်စီးကားတစီး အရှိန်လွန်ကာ လမ်းဘေးထိုးကျမှု ဖြစ်ပွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
ပြည်ခရိုင်၊ ပေါင်းတည်မြို့ကနေ ရန်ကုန်တိုင်း၊ ဥက္ကံမြို့ကို မောင်းနှင်လာတဲ့Toyota Succed အမျိုးအစားမော်တော်ယာဥ်ဖြစ်တယ်လို့ သိရပါတယ်။
"သူတို့က ပေါင်းတည်က ပြန်လာတာလို့ ပြောတယ်။ ကားကအရှိန်လွန်မှောက်ပြီး ပက်လက်လန်သွားတာ။ ယာဥ်မောင်းနဲ့ဘေးကတယောက် ဒဏ်ရာရသွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။
လမ်းဘေးမှာ ပက်လက်လန်နေတဲ့ကားကို အနီးဝန်းကျင်ပြည်သူတွေက ဝိုင်းဝန်းကူညီမှုတွေ ပြုလုပ်ပေးတယ်လို့လည်း သူကဆက်ပြောပါတယ်။
ဒါဏ်ရာရလူနာအမျိုးသား ၂ ဦးကို ကြို့ပင်ကောက်မြို့ မြတ်မွန်စေတနာကလျာဏမိတ္တ နာရေးကူညီမှုအသင်း လူနာတင်ယာဥ်နဲ့ ကြို့ပင်ကောက်ဆေးရုံကို ကူညီပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၃ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်မှာ လမ်းဖြတ်ကူးသူ အမျိုးသားတဦး ကားတိုက်ခံရကာ သေဆုံးခဲ့ပြီး ရန်ကုန်တိုင်း၊ ဥက္ကံမြို့မှာလည်း ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတဦး ကားတိုက်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
#မြေလတ်အသံ
Share Share Share