သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းထဲက ခမ်းပတ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူ ၁၀ ဦးကျော်ရှိတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရဲ့ တာဝန်နဲ့ တပ်ဖွဲ့ကို စိစစ်နေဆဲဖြစ်ကာ အားလုံးဟာ စစ်သားနဲ့ ရဲတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ခမ်းပတ်မြို့သိမ်းတိုက်ပွဲမှာ အရပ်သားသေဆုံးမှု မရှိခဲ့ဘူးလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။
“အခုတော့ မြို့ထဲတိတ်ဆိတ်နေတယ်။ ခမ်းပတ်မြို့ကို အထူးတပ်ရင်း တမူးခရိုင်-တပ်ရင်း ၂ နဲ့ မဟာမိတ်တပ်ဖွဲ့ တွေက ထိန်းချုပ်ထားပါတယ်“ လို့ မြို့နယ်ပအဖအဖွဲ့ဝင်တဦးက ပြောပါတယ်။
ခမ်းပတ်မြို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၃ ရက်ကစတင်ကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်းပစ်ကူရှိခဲ့ပေမယ့် နိုဝင်ဘာ ၇ ရက် နေ့လယ် ၁၂ နာရီမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
စစ်ရှောင်ဦးရေ သုံးထောင်ကျော်ရှိပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက သိမ်းယူနိုင်ခဲ့ပြီး ခမ်းပတ်မြို့ဟာ စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူခဲ့တဲ့ ဒုတိယမြောက်မြို့ ဖြစ်လာပါတယ်။
ခမ်းပတ်မြို့ဟာ ကလေးနဲ့ တမူးမြို့ကြားက အာရှလမ်းမပေါ်မှာတည်ရှိတဲ့ မြို့တမြို့လည်းဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့နဲ့ ခမ်းပတ်မြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ပုံစာ - ခမ်းပတ်မြို့မြင်ကွင်း။
စာတည်း-လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ခမ်းပတ်မြို့ #မြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီ #သေဆုံး #ပကဖ #NUG #သတင်း #မြေလတ်သတင်း
Share Share Share