ချောင်းဦးမြို့မရဲစခန်းနားက စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံး

ချောင်းဦးမြို့မရဲစခန်းနားက စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြို့မရဲစခန်းနားမှာရှိတဲ့ ဆက်ကြေးကောက်ခံတဲ့ စစ်ကောင်စီစစ်ဆေးရေး ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

သြဂုတ် ၆ ရက် မနက် ၁၀ နာရီဝန်းကျင်က ရဲစခန်းနဲ့ မီတာ ၁၂၀ အကွာထိကပ်ကာ ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ပြန်ပစ်ခတ်လို့ လက်နက်မကောက်နိုင်ဘဲ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

“ခြေထောက်ကျည်မှန်ထားတဲ့လူက ဆက်တိုက် ပစ်ကူနေပြီး မီးပွိုင့်နားကလည်း ပစ်ကူပေးလို့ လက်နက်ကို မကောက်နိုင်ခဲ့ဘူး” လို့ မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက တော်လှန်ရေးရဲဘော်တွေ ဆုတ်ခွာရာလမ်းဘက်ကို လိုက်လံပစ်ခတ်တာတွေလုပ်ခဲ့ပြီး လမ်းတလျှောက် သေနတ်ပစ်ဖောက်တာတွေကြောင့် နွယ်ခွေလမ်းခွဲဘက်မှာ အရပ်သားပြည်သူအမျိုးသားတဦး ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

“စျေးလမ်းထိပ်နဲ့ မလှမ်းမကမ်းက ပျူတွေ ပိုက်ဆံကောက်နေကျနေရာကို ဆိုင်ကယ်နဲ့ လာပစ်တာ။ တယောက်သေ၊ တယောက်ခြေထောက်မှန်၊ တယောက်ပေါင်မှန်လို့ သိရတယ်။ သေနတ်သံကြားတာနဲ့ ပြေးမိပြေးရာ ပုန်းရတာဆိုတော့ ပစ်နေစဥ်အတွင်း အခြေနေတော့ မသိဘူး။” လို့ ပစ်ခတ်မှုကို မျက်မြင်တွေ့ခဲ့တဲ့ ပြည်သူတဦးက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၁ ဦး သေဆုံးကာ ကျည်မှန်ဒဏ်ရာရရှိသူ ၂ ဦးကို မုံရွာဆေးရုံသို့ ပို့ဆောင် ကုသနေရတယ်လို့ သိရပါတယ်။ 

အဲဒီ ပစ်ခတ်တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၁၅၊ တပ်ခွဲ ၃ ဗိုလ်နိုင်-လေပွေမုန်တိုင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်ခံရတဲ့ဂိတ်ဟာ ကံဇီး၊ ကင်မွန်းတော် စတဲ့ရွာတွေက ပျူစောထီးအများစု အထိုင်ချကာ ပိုက်ဆံကောက်တဲ့ဂိတ်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ မပြေလည်တဲ့သူတွေကို ပစ်သတ်တာတွေ လုပ်လေ့ရှိတဲ့ ဂိတ်ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #မြို့မရဲစခန်း #ဆက်ကြေး #စစ်ကောင်စီ #စစ်ဆေးရေးဂိတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10