သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့လို့ ဒုဗိုလ် ၁ ဦးအပါ စစ်သားတွေသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပြီး လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - တပ်ခွဲမှူး ရဲဘော်ဒေဝ က ပြောပါတယ်။
အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမတောင်ခြေက ဂမုန်းဆည်ရေလှောင်တမံကို ဝိုင်းကျေးရွာနယ်မြေရဲစခန်းကနေလာတဲ့ စစ်သားအင်အား ၄၀ ဦးပါစစ်ကြောင်းကို အောက်တိုဘာ ၃ ရက်မနက် ၉ နာရီလောက်မှာ အသင့်စောင့်ကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီးငယ်တွေနဲ့ နှစ်ဘက်တိုက်ခိုက်မှုကြာမြင့်ချိန် ၁ နာရီဝန်းကျင်ရှိပြီး စစ်တပ်စီတပ်သား ၁၂ ဦးသေကာ ၁၄ ဦးခန့် ဒဏ်ရာရရှိတဲ့အပြင် ၎င်းတို့ဆီကနေ ၆၀ မမ (BA 100) ၁ လက်၊ MA 1 ၁ လက်၊ G 3 ၂ လက်၊ အီနာဂါ ၁ လုံး၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ G 3 ကျည် ၁၈၁ တောင့်၊ ၅. ၅၆ ကျည် ၁၃ တောင့်၊ ဖုန်း ၅ လုံးနဲ့ အခြားစစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၄ရက် ဒီမနက်မှာလည်း စစ်ကောင်စီတပ်ဟာ ပဲခူးရိုးမထဲကတနေရာကို အင်အား ၂၀ ဦးကျော်နဲ့ ၅ နေရာခွဲကာ စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။
မြေအောက်ပြောက်ကျားတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရာဂိမုန်တိုင်းအရှိန်နဲ့ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေတွေ ဂမုန်းဆည်အတွင်းဝင်ရောက်လာလို့ ဆည်မကျိုးပေါက်ရေးအတွက် တပ်ဖွဲ့ဝင်တွေနဲ့အတူ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါသေးတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ပဲခူး #အုတ်ဖို #တိုက်ပွဲ #သတင်း
Share Share Share