သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းမြို့၊ ဧရာဝတီတံတားပေါ်က ခုန်ချတဲ့ သံဃာတော်တစ်ပါးရဲ့ ရုပ်အလောင်းကို ဧရာဝတီမြစ်လယ်မှာ ယနေ့ မတ်လ ၈ ရက် ဒီနေ့မနက် ၈ နာရီခွဲလောက်က ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပျံလွန်တော်မူသွားတဲ့ သံဃာတော်ရဲ့ ဘွဲ့၊ သက်တော်ဝါတော်နဲ့ သီတင်းသုံးတဲ့ကျောင်းတိုက်အမည်တွေကိုတော့ မသိရှိရသေးဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
"လက်ရှိက ပိုင်ရှင်မဲ့ဖြစ်နေတယ်။ ရတနာပုံတံတားရဲ့ရေမိုင် ၅ မိုင်အကွာလောက်မှာ စစ်ကိုင်းအပိုင် မြစ်လယ်မှာ ပေါလောပေါ်နေတာကို ကယ်ဆယ်ရေးအဖွဲ့တွေက အလောင်းကို ရေထဲက ဆွဲလာတာကို တွေ့ရတယ်" လို့ ပြောပါတယ်။
မနက် ၉ နာရီခွဲလောက်မှာ အလောင်းကို ကမ်းပေါ်အရောက် သယ်ယူနိုင်ခဲ့ပြီး အလောင်းကို အိတ်ထဲထည့်ကာ သုခကာရီလူမှုကူညီရေးအသင်းကားနဲ့ စစ်ကိုင်းဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။