စစ်ကိုင်းနဲ့မကွေးမှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အမျိုးသမီးသပိတ်စစ်ကြောင်းများ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ

စစ်ကိုင်းနဲ့မကွေးမှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အမျိုးသမီးသပိတ်စစ်ကြောင်းများ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာမြို့နယ်နဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွေမှာ မတ်လ ၈ ရက် ဒီကနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေကို အမျိုးသမီးသပိတ်စစ်ကြောင်းတွေ ဦးဆောင်ပြီး မတ်လ ၇ ရက် မနေ့က ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်း ကျေးရွာတခုမှာ လက်ပံတောင်းတောင် ပင်မအမျိူးသမီး သပိတ်စစ်ကြောင်းက ပြုလုပ်ခဲ့ပြီး၊ မုံရွာမြို့နယ် မုံရွာ-အမြင့်လမ်းပိုင်း ကျေးရွာတရွာမှာလည်း မုံရွာ-အမြင့် အမျိုးသမီးသပိတ်စစ်ကြောင်းကလည်း ပြုလုပ်ခဲ့ရာမှာ မုံရွာလူထုဦးဆောင်ကော်မတီအဖွဲ့ဝင် အမျိုးသမီးတွေလည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။




သပိတ်စစ်ကြောင်းတွေမှာ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးအခန်းကဏ္ဍအရေးပါပုံ၊ တော်လှန်ရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ဖို့ စတဲ့အကြောင်းအရာတွေ ဟောပြောခဲ့ပြီး၊ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ မတ်လ ၇ ရက်၊ ၈ ရက်နဲ့ ၉ ရက်တွေမှာ အမျိုးသမီးသပိတ်တွေ ဆက်လက်ထွက်ရှိကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းမှာလည်း ပခုက္ကူလူထုတိုက်ပွဲကော်မတီနဲ့ BEGSC တို့ ဦးဆောင်ကာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် “ညီမျှခွင့်တူ ဖမ်းဆုပ်ယူ” စာတန်းအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ ဆောင်ပုဒ်ဘန်နာများ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။




"အဓိက က အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ အမျိုးသမီးတွေကို ကျနော်တို့မြန်မာနိုင်ငံမှာ ရှေးရိုးကြီးစွာနဲ့ ဒီဟာမလုပ်ရဘူး။ ဟိုဟာ မသွားရဘူး ဆိုတာတွေအပြင် ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ တခု ပေါ်ပေါက်တဲ့အချိန်အထိ အမျိုးသမီးတွေရဲ့အခွင့်အရေး၊ အမျိုးသမီးတွေရဲ့ လုပ်ဆောင်ချက်တွေကို အသိမှတ်ပြုဖို့အတွက် အဓိကလုပ်ဆောင်ခြင်း ဖြစ်တယ်" လို့ ပခုက္ကူ လူထုတိုက်ပွဲကော်မတီမှ တာဝန်ရှိသူက ပြောပါတယ်။


စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10