သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကောင်စီက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ မြို့ရွာတချို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း အဲဒီမြို့တွေကို စစ်ရေးတိုးချဲ့လာတာ၊ စစ်ကြောင်းထိုးတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပိုပြီးလုပ်ဆောင်လာသလို အရပ်သားပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်တာတွေအပြင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေပါ လုပ်ဆောင်နေတယ်လို့ အမျိုးသမီးမဟာမိတ်အင်အားစု အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲကို ၂၀၂၃ နှစ်စပိုင်းကစပြီး စစ်ကြောင်းတွေ ပိုထိုးတာလာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတာလည်း ဖြစ်ပါတယ်။ တိုက်ပွဲတွေ ပိုပြီးဖြစ်လာမှာကိုလည်း ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတာပါ။ အရင်က အဲဒီနယ်တွေမှာ လူထုသပိတ်စစ်ကြောင်းတွေ၊ တော်လှန်ရေးလူပ်ရှားမှုတွေ အားကောင်းခဲ့ပေမယ့် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီ တပ်ဆွဲထားတဲ့နယ်မြေတွေမှာ လူထုပါဝင်လာမှု သိသိသာသာ အားလျှော့လာနေတယ်လို့ အမျိုးသမီးမဟာမိတ်အင်အားစုဆီက သိရတာပါ။