ကျမတို့ ခွဲခြားဆက်ဆံခံရတာတွေက တော်လှန်ရေးခရီးမှာ စိန်ခေါ်မှုကြီး ဖြစ်လာနေတယ် (အမျိုးသမီးကဏ္ဍ)
M2W ဟာ ဒီကာလတွေထဲမှာ အခက်အခဲမျိုးစုံ ကြုံခဲ့ရသလို တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ကြားထဲမှာလည်း ခွဲခြားဆက်ဆံခံရတာတွေ၊ ငြိုငြင်ဘေးဖယ်ခံရတာမျိုးတွေလည်း ကြုံခဲ့ရတယ်လို့ M2W တပ်ရင်းဆီက သိရပါတယ်။ သူတို့ တွေ တော်လှန်ရေးခရီးကြမ်းကို ဘယ်လိုဖြတ်သန်းလာခဲ့ရလဲ။ လက်ရှိ ဘာတွေလုပ်နေလဲဆိုတာကို M2W ထောက်ပို့တာဝန်ခံ အမရာကို မြေလတ်အသံ ရုပ်သံကနေ မေးမြန်းတင်ဆက်ထားပါတယ်။