ငြိမ်းဇော်

မုံရွာမှာ အလံနက် လွှင့်ခဲ့သူ ဗိုလ်ဒဿ (ရုပ်/သံ)

အာဏာမသိမ်းခင်တုန်းက ဗိုလ်ဒဿဟာ ကျောင်းသားတယောက်ဖြစ်သလို ဓာတ်ပုံဆရာတယောက်လည်းဖြစ်ပါတယ်။ အာဏာရှင်ကို မကြိုက်လို့ ဓာတ်ပုံဆရာဘဝကနေ အာဏာရှင်ကို ဆန့်ကျင်တော်လှန်ဖို့ သူရွေးချယ်ခဲ့တာပါ။ သူကျဆုံးချိန်မှာ အသက် ၂၃ နှစ်အရွယ် လူပျိုတယောက်ဖြစ်ပြီး မိဘတွေနဲ့ ဆွေမျိုးတွေ ကျန်ရစ်ခဲ့ပါသေးတယ်

မုန်တိုင်းအလွန် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာကို ဘယ်လိုကုစားကြမလဲ (ရုပ်/သံ)

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်ဘက်မှာ တချို့ရွာတွေမှာ ရွာလုံးကျွတ်နီးပါး ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီလိုနေရာတွေမှာ မုန်တိုင်းအလွန် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေက ဘာတွေဖြစ်လာနိုင်မလဲ။ မသန့်ရှင်းတဲ့ ရေတွေကို သောက်သုံးမိရာကနေ ဘယ်လိုရောဂါတွေ ဖြစ်လာနိုင်မလဲ။ တချိန်တည်းမှာ ရေကြီးရေလျှံဖြစ်ရင် မြွေနဲ့ ပိုးမွှားအန္တရာယ်ကလည်း ရှိနေတော့ ဘယ်လိုကြိုတင် ကာကွယ်ထားကြမလဲ။ မြွေကိုက်ခံရရင် အရေးပေါ်ဘယ်လို ကုသမလဲ။ ဒါ့အပြင် ဆေးရုံ၊ ဆေးပေးခန်းမရှိတဲ့ အရပ်ဒေသတွေက ပြည်သူတွေ ဒီကာလမှာ ကျန်းမာရေးအတွက် ဘယ်လိုနေထိုင်စားသောက်ကြမလဲ

PDF အဖွဲ့ပေါင်း ၄၀ ကျော် ပေါင်းကခဲ့တဲ့ တပေါင်းလ စစ်ဆင်ရေး (ရုပ်/သံ)

ပေါင်းစည်းခြင်းရဲ့ အင်အားနဲ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းသွားဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ ဒီ စစ်ဆင်ရေးကို စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တနင်္သာရီ၊ ဧရာဝတီ၊ မွန်ပြည်နယ် စတဲ့ဒေသတွေက မြေပြင်တော်လှန်ရေး အဖွဲ့တွေအပါအဝင် မြို့ပြပြောက်ကျားအဖွဲ့၊ ဝေဟင်ဒရုန်းအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်

ပဇီကြီးကျေးရွာ သွေးကြွေးအတွက် မုံရွာမှာ ဆန္ဒပြ (ရုပ်/သံ)

သင်္ကြန်ဆိုတာ စိတ်ပျော်ရွှင်စရာလို့ သတ်မှတ်ထားပြီး အပျော်တွေဘက်ကို စိတ်အားထက်သန်နေကြရင်း တော်လှန်ရေးမှာ ဖြစ်ပျက်ခဲ့တာတွေကို မေ့လျှော့မသွားကြဖို့ နဲ့ ပြည်သူတွေ သွေးမအေးကြဖို့ကို အသိပေးနိုးဆော်ရင်း မုံရွာတော်လှန်လူငယ်တွေနဲ့ ပြည်သူတွေက ဧပြီလ ၁၄ ရက်မနက်မှာ ဆန္ဒပြခဲ့ကြတာ

ထိုင်းနိုင်ငံက ထောက်ပို့လုပ်ကိုင်သူတွေ ရံပုံငွေရရှိမှု နည်းလာ

အခုလို ထိုင်းနိုင်ငံထဲက ရံပုံငွေ ရရှိမှု အားလျှော့လာတာဟာ ထိုင်းကို သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဘက်က အလုပ်အကိုင် အဆင်မပြေတာ၊ ယာယီနေထိုင်ခွင့်နဲ့ အလုပ်သမားလက်မှတ် မရှိကြတာ စတဲ့ အခက်အခက်တွေရှိနေသလို တော်လှန်ရေးကာလကြာလာလို့ သွေးအေးသွားတာတွေလည်း ရှိနေတယ်

စစ်ကိုင်းတိုင်းက အမျိုးသမီးတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က လိင်ပိုင်းကျူးလွန်မှု ပြုလုပ်လာ (ရုပ်/သံ)

လိင်ပိုင်းကျူးလွန်ခံရတဲ့ အမျိုးသမီးတွေဟာ သူတို့အရှက်သိက္ခာအပါအဝင် ပြုကျင့်သူဘက်က နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ခံရတာကြောင့် တိုင်းကြားတာတွေ မလုပ်ရဲဘဲ နှုတ်ပိတ်ထားကြသလို တချို့အမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာအရရော ခန္ဓာကိုယ်အစိတ်ပိုင်းပါ ထိခိုက်တာတွေရှိနေပြီး နောက်ဆုံး သူတို့ရွာ၊ သူတို့ဒေသတွေမှာ မနေရဲတော့ဘဲ တခြားဒေသတွေဆီ ပြောင်းရွေ့သွားကြတာတွေလည်း ရှိနေတယ်

စစ်ရှောင်နဲ့ PDF အတွက် ထိုင်းက ရံပုံငွေရှာပွဲမှာ ကျပ်သိန်း ၇၀ နီးပါးရရှိ

"ပြည်သူတွေအတွက် ခွန်အားဖြစ်အောင် ကျနော်တို့တွေ ရေခြားမြေခြားမှာ သွေးမအေးဘဲ ရတဲ့အလုပ်ကိုလုပ်ပြီး ကူညီနေတာပါ"

ပရဟိတသမားမှ သေနတ်ထုတ်လုပ်သူ မကွေးဗိုလ်မထား

မကွေး ဗိုလ်မထားကျေးရွာပေါင်းစုံ PDF အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်မထားဟာ စစ်တပ်အာဏာမသိမ်းခင်မှာ ပရဟိတအလုပ်ကို လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ရဲ့လုပ်ရပ်တွေကို မခံမရပ်နိုင်ဖြစ်တဲ့အတွက် ပြည်သူတွေနဲ့အတူ နွေဦးတော်လှန်ရေးထဲကို ထဲထဲဝင်ဝင် ပါလာခဲ့တာလို့ ဗိုလ်မထားက ဆိုပါတယ်။

စစ်ကိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အရပ်သား ဖိနှိပ်ခံရမှု အမျိုးသမီးတွေ ပိုများလာ (ရုပ်/သံ)

စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲကို ၂၀၂၃ နှစ်စပိုင်းကစပြီး စစ်ကြောင်းတွေ ပိုထိုးတာလာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတာလည်း ဖြစ်ပါတယ်။ တိုက်ပွဲတွေ ပိုပြီးဖြစ်လာမှာကိုလည်း ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတာပါ။ အရင်က အဲဒီနယ်တွေမှာ လူထုသပိတ်စစ်ကြောင်းတွေ၊ တော်လှန်ရေးလူပ်ရှားမှုတွေ အားကောင်းခဲ့ပေမယ့် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီ တပ်ဆွဲထားတဲ့နယ်မြေတွေမှာ လူထုပါဝင်လာမှု သိသိသာသာ အားလျှော့လာနေတယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10