သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
၂၀၂၂ ခုနှစ်မှာ မုံရွာမြို့ကို အနက်ရောင်အလံလွှင့်ပြီး စစ်ဆင်ရေးစခဲ့သူ
အဲဒီအချိန်က ပူးပေါင်းအဖွဲ့ ၃ ဖွဲ့နဲ့သာ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်ခဲ့တာလည်းဖြစ်ပါတယ်။ သူကတော့ ဒဿမုံရွာ PDF ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဒဿပဲ ဖြစ်ပါတယ်။
မုံရွာက ပြည်သူတွေကို စစ်ရေးကြမ်းမယ်လို့ အသိပေးခဲ့ပြီးကတည်းက မုံရွာမြို့မှာ စစ်ကောင်စီကို မြေအောက်ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ရင်း သူနဲ့အတူ ပူးပေါင်းအဖွဲ့တွေ ၂၀၂၂ ခုနှစ်၊ ၆ လပိုင်းကတည်းက တောခိုနေခဲ့ပြီး ပြောက်ကျားအသွင်နဲ့ လှုပ်ရှားလာခဲ့ကြတာပါ။
အာဏာမသိမ်းခင်တုန်းက ဗိုလ်ဒဿဟာ ကျောင်းသားတယောက်ဖြစ်သလို ဓာတ်ပုံဆရာတယောက်လည်းဖြစ်ပါတယ်။ အာဏာရှင်ကို မကြိုက်လို့ ဓာတ်ပုံဆရာဘဝကနေ အာဏာရှင်ကို ဆန့်ကျင်တော်လှန်ဖို့ သူရွေးချယ်ခဲ့တာပါ။ သူကျဆုံးချိန်မှာ အသက် ၂၃ နှစ်အရွယ် လူပျိုတယောက်ဖြစ်ပြီး မိဘတွေနဲ့ ဆွေမျိုးတွေ ကျန်ရစ်ခဲ့ပါသေးတယ်။
လက်ရှိ ဒဿမုံရွာ PDF ပြောက်ကျားတပ်ဖွဲ့မှာ ခေါင်းဆောင် ဗိုလ်ဒဿအပါအဝင် ရဲဘော် ၂ ဦး စုစုပေါင်း ကျဆုံးသူ ၃ ဦးအထိ ရှိခဲ့ပြီဖြစ်ပါတယ်။ ဒဿ မုံရွာ PDF ကို ဗိုလ်ဒဿမရှိတော့တဲ့နောက် သူ့ဆရာလည်းဖြစ် မုံရွာယူဂျီ တပ်ပေါင်းစုကိုလည်း တည်ထောင်ခဲ့သူဖြစ်တဲ့ ဗိုလ်တိုက်ဂါးက ဆက်လက်ဦးဆောင်တိုက်ပွဲဝင်သွားမှာပါ။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#မုံရွာ #ဗိုလ်ဒဿ #PDF #ပြောက်ကျားတပ်ဖွဲ့ #ကျဆုံး
Share Share Share