ပျူရွာကထွက်လာတဲ့ ၁၈နှစ်အရွယ် PDF ရဲမေတဦးရဲ့ တော်လှန်လိုစိတ်

စစ်ကိုင်းတိုင်းအတွင်းက ရွာလေးတရွာမှာ မွေးဖွားခဲ့တဲ့ အသက်၁၈နှစ်အရွယ် အမွှေစိန်ဆိုတဲ့ အမျိုးသမီးငယ်တဦးဟာ အာဏာသိမ်းပြီး တနှစ်အကြာမှာ ရွာနဲ့အိမ်ကို စွန့်ပြီးထွက်ခွာလာခဲ့ပါတယ်။ 

သူကြီးပြင်းခဲ့ရတဲ့ရွာဟာ တချိန်က ကြံ့ခိုင်ရေးပါတီအားကောင်းခဲ့တဲ့ ရွာတရွာဖြစ်တာကြောင့် အာဏာသိမ်းပြီးနောက်မှာလည်း ပျူစောထီးရွာအဖြစ် အားကောင်းလာခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ပျူတွေဟာ လက်နက်အားကိုးနဲ့ ရွာကို အမျိုးမျိုးဒုက္ခတွေပေးနေသလို အမွှေစိန်ရဲ့ မိဘအိမ်ကို မီးရှို့ဖျက်ဆီးလိုက်ကြပါတယ်။ နောက်ဆုံးတော့ သူ့မိဘတွေလည်း ရွာမှာမနေရဲဘဲ တနယ်တကျေးကို အပြီးတိုင် ပြောင်းရွှေ့ခဲ့ကြရတယ်လို့ သမီးဖြစ်သူအမွှေစိန်က ဆိုပါတယ်။

အမွေစိန်ဟာ ၁၀ တန်းတက်နေတုန်းမှာ Covid-19 ကပ်ဆိုးကြောင့် ကျောင်းမတက်ရဘဲ နေခဲ့ရသလို စစ်တပ်ကမတရားအာဏာသိမ်းလိုက်ပြီး ကျောင်းစာသင်ခန်းနဲ့ ထပ်ဝေးခဲ့ရပြန်ပါတယ်။ သူနေတဲ့ ရွာမှာ ကျောင်းတွေပြန်ဖွင့်ပေမယ့်လည်း စစ်ကျွန်ပညာရေးကို မသင်လိုတာကြောင့် ကျောင်းဆက်မတက်ဘဲ သူနေခဲ့ပါတယ်။

အဲ့ဒီနောက် ပျူစောထီးရွာက အမွှေစိန်တယောက် သူ့ဘဝ ဘာတွေ ဆက်ဖြစ်လာမလဲ။

ရုပ်သံဆောင်းပါးနှင့် တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #အမျိုးသမီးကဏ္ဍ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10