သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကောင်စီ စစ်ကြောင်းတွေကို တန်ပြန်တိုက်ခိုက်ဖို့ ဒေသအသီးသီးက တော်လှန်ရေးအင်အားစုတွေ စုဖွဲ့ထားတဲ့ Focal Point (ဆုံမှတ်) ကနေ "တပေါင်းလမှာ ပေါင်းကမယ်" ဆိုပြီး တပေါင်းလ စစ်ဆင်ရေးကို PDF အဖွဲ့ပေါင်း ၄၀ ကျော်က ပြီးခဲ့တဲ့ မတ်လ ၂၀ ကနေ ဧပြီလ ၄ ရက်အထိ ၂ ပတ်အကြာ လုပ်ဆောင်ခဲ့ကြပါတယ်။
ပေါင်းစည်းခြင်းရဲ့ အင်အားနဲ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းသွားဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ ဒီ စစ်ဆင်ရေးကို စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တနင်္သာရီ၊ ဧရာဝတီ၊ မွန်ပြည်နယ် စတဲ့ဒေသတွေက မြေပြင်တော်လှန်ရေး အဖွဲ့တွေအပါအဝင် မြို့ပြပြောက်ကျားအဖွဲ့၊ ဝေဟင်ဒရုန်းအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။