စစ်ကောင်စီရဲ့ ညမထွက်ရအချိန်ကျော် ပြန်လာတဲ့ အိမ်စီးကားပစ်ခံရလို့ ၃ ဦးသေဆုံး

စစ်ကောင်စီရဲ့ ညမထွက်ရအချိန်ကျော် ပြန်လာတဲ့ အိမ်စီးကားပစ်ခံရလို့ ၃ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သင်ပြွန်းရွာ လမ်းခွဲနားမှာ အိမ်စီးကား ၁ စီး ပစ်ခတ်ခံရလို့ ကားပေါ်ပါ ကလေးငယ် ၁ ဦးပါ ၃ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မတ်လ ၇ ရက်နေ့ည ၁၀ နာရီခန့်မှာ မန္တလေးဘက်ကနေ မြင်းခြံဘက်ကို မောင်းလာတဲ့ မိသားစုဝင် ၅ ဦး လိုက်ပါလာတဲ့ကားဟာ သင်ပြွန်းရွာ လမ်းခွဲအရောက်မှာ ပစ်ခတ်ခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။


"စစ်ကောင်စီက လိုက်ကြေညာထားတာ။ ပြီးတော့ အမှတ် ၁ အုပ်ကြီး ဝင်းဆွေက ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ဖို့၊ အပြင်ထွက်ရင် ပစ်သတ်မှာ၊ တာဝန်မယူဘူးလို့လည်း ပြောထားတာ ရှိတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက ယမန့်နေ့ (မတ်လ ၇ ရက်) တုန်းကပဲ မြင်းခြံမြို့နယ်ထဲ ယောက်ျားလေးဆိုင်ကယ် ၂ ယောက် ပူးမစီးရ၊ မိန်းကလေးမောင်းတဲ့နောက် ယောက်ျားလေး မစီးရ၊ ယောက်ျားလေးမောင်းတဲ့ ဆိုင်ကယ်နောက် မိန်းကလေး ၂ ယောက် ပူးမစီးဖို့ လိုက်လံကြေညာအပြီး ညပိုင်းမှာပဲ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ ရွှေစာရံဘုရားဖူးပြန် ပြည်သူတွေကို PDF တွေ ပြုလုပ်တာလို့ ပြောဆိုရေးသားဖြန့်ဖြူးနေတာတွေ ရှိနေပါတယ်။

"အခုပစ်ခတ်ခံရတဲ့နေရာက PDF နဲ့ ပျူစောထီးတွေလှုပ်ရှားတဲ့ နယ်မြေဖြစ်ပြီး အထူးသဖြင့် ပျူစောထီးတွေက လူသတ်ကာ အလောင်းလာပြီး စွန့်ပစ်တဲ့နေရာဖြစ်သလို ပစ်ခတ်ခံရချိန်ဟာ ည ၈ နာရီကျော်နေပြီ။ ပစ်ခတ်ခံရတဲ့ မိသားစုဝင်တွေကလည်း NLD ပါတီဝင်တွေနဲ့ ဆွေမျိုးတော်စပ်သူတွေ ဖြစ်တယ်" လို့ ဒေသခံက ဆိုပါတယ်။

ထိခိုက်သေဆုံးသွားသူတွေကိုတော့ သက်ဆိုင်ရာ လူမှုကူညီရေးအသင်းတွေက မြင်းခြံဆေးရုံဘက်ကို သယ်ဆောင်သွားတယ်လို့ လူမှုကူညီရေးအသင်းတွေကတဆင့် သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10