သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်အတွင်း စစ်ကောင်စီနဲ့ စစ်ကောင်စီကို ယုံကြည်အားကိုး ထောက်ခံနေတဲ့ စစ်တပ်ထောက်တိုင်မှန်သမျှကို တိုက်ခိုက်သုတ်သင်သွားမယ်လို့ စက်တင်ဘာ ၁၂ ရက်မှာ သာယာဝတီဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၁၁ ရက်မှာ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက်က အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်ကို သာယာဝတီဂဠုန်တပ်ဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့ပြီးနောက်တနေ့ စက်တင်ဘာလ ၁၂ ရက်မှာ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်မှာ ဒေါ်သိမ့်သိမ့်လွင်ကို ရှင်းလင်းခဲ့တဲ့ PDF ၃ ဦးကို အသေပစ်ခတ်ဖမ်းဆီးလိုက်တယ်လို့ သတင်းထွက်လာပြီးနောက် သာယာဝတီဂဠုန်တပ်ဖွဲ့က အခုလို သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့က အမျိုးသမီးအုပ်ချုပ်ရေးမှူးကို ပစ်သတ်သွားသူ ၃ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ကနေ ထုတ်ပြန်ချက်ဟာ မဟုတ်မှန်ကြောင်းနဲ့ စစ်အာဏာရှင်တွေရဲ့ထောက်တိုင်တွေကို ဆက်လက်ရှင်းလင်းသွားမှာဖြစ်တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ကျနော်တို့ကလေး(ရဲဘော်)တွေက ရှိပါတယ်။ အဲဒီနေ့ချင်းပဲ ပြန်ရောက်တာ။” လို့ သာယာဝတီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ဒု) ခေါင်ဆောင်က ပြောပါတယ်။
စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်ကို ခလရ ၃၅ တပ်ရင်းအနီး သာယာအေးကျေးရွာမှာ ရှင်းလင်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ သာယာဝတီမြို့နယ်၊ ဖားရွှေကျော်ရွာနဲ့ သာယာအေးရွာအနီးမှာ ကင်းပုန်းချကာ လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ခဲ့ပါတယ်။
စစ်တပ်က ကင်းပုန်းဝပ်စဉ် ဆိုင်ကယ်ရပ်မပေးတဲ့ အမည်နေရပ်မသိရတဲ့ အမျိုးသားလူငယ် ၃ ဦးကို ပစ်သတ်ခဲ့ပြီး သူတို့ဆီက ဖူဂျီဆပ်ပြာဗူးခွံနဲ့ လုပ်ထားတဲ့လက်လုပ်မိုင်း ၂ လုံး၊ ပိုက်နဲ့လုပ်ထားတဲ့ မိုင်း ၃ လုံး၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ဆိုင်ကယ် ၁ စီးတို့ သိမ်းဆည်းရမိတယ်လို့ စစ်တပ်ဝါဒဖြန့်တယ်လီဂရန်မှာ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
သာယာဝတီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ဒု) ခေါင်ဆောင်ကတော့ သေဆုံးသွားတဲ့ အမျိုးသား ၃ ဦးဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ သာမန်အရပ်သားတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“စစ်တပ်ဘေးနား ပေ ၇၀ လောက်အကွာမှာ လုပ်သွားတော့ သူတို့ (စစ်တပ်)က တော်တော်ထိသွားလို့ တပ်ရင်းမှူး ပြုတ်မှာကြောက်ပြီး လိမ်ပြီးလုပ်ကြတာ" လို့ သူက ဆက်ပြောပါတယ်။
သာယာဝတီဂဠုန်တပ်ဖွဲ့ကြေညာချက်မှာတော့ စစ်ကောင်စီရဲ့ ခလရ ၃၅ စစ်တပ်အနီးမှာ ပြုလုပ်ခဲ့တဲ့အတွက် နားရွက်တံတွေးဆွတ်ခံရတယ်ဆိုကာ ရမ်းနေတာဖြစ်ပြီး လုပ်ကြံဝါဒဖြန့် တယ်လီဂရမ်ကလည်း သာယာဝတီဂဠုန်တပ်ဖွဲ့ဝင်တွေကို အသေပစ်ခတ်ဖမ်းဆီးတယ်ဆိုတာဟာ ၎င်းတို့ကို ယုံကြည်အားကိုးနေသူ ထောက်တိုင်တွေ ဆက်လက်ရပ်တည်ဖို့အတွက် လိမ်ညာဝါဒဖြန့်ပြီး အာဏာတည်မြဲကောင်းစားဖို့သာ ပြုလုပ်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပုံစာ - အမျိူုးသမီးအုပ်ချုပ်ရေးမှူးကိုရှင်းလင်းခဲ့သည့်တပ်ဖွဲ့ဝင်များ။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #သာယာဝတီမြို့နယ် #စစ်ကောင်စီ #သာယာဝတီဂဠုန်တပ်ဖွဲ့ #သတင်း
Share Share Share