စစ်တပ်မီးရှို့သွားတဲ့ ထီးတော်တင်ရွာက အိမ်ထောင်စု ၂၈ စု ကို ကျပ်သုံးသိန်းခွဲစီထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်က မီးရှို့သွားတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ Union Liberation Front - ULF ရဲ့  ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မုံရွာမြို့နယ်၊ ထီးတော်တင်ရွာက မီးရှို့ခံ အိမ်ထောင်စု ၂၈ စုကို အလှူရှင် "ဖောင်းဖောင်း & Friends" ရဲ့ ကိုယ်စား Union LIBERation FRONT - ULF က စစ်ကြောင်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေက ဇူလိုင် ၂၁ ရက်မှာ အိမ်စုတစုကို ကျပ် သုံးသိန်းငါးသောင်းငါးထောင်စီ သွားရောက်ထောက်ပံ့ခဲ့တာလို့ ပြောပါတယ်။

ထီးတော်တင်ရွာဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ - မုံရွာ)အနီး ၁ မိုင်ခန့်အကွာမှာရှိပြီး  စစ်ကောင်စီတပ်က အင်အား ၃၅ ဦးခန့်နဲ့ ယာယီတပ်လာစွဲနေလို့ ဇွန် ၁၁ ရက် ညနေမှာ Union LIBERation FRONT - ULF အပါအဝင် မဟာမိတ်တွေက တိုက်ခိုက်လို့ စစ်သား ၂၀ ဦးသေကာ စစ်သုံ့ပန်း ၅ ဦး ဖမ်းဆီးခံရအပြီးမှာ စစ်ကောင်စီတပ်က ရွာကိုမီးရှို့ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်မီးရှို့သွားတဲ့ ထီးတော်တင်ရွာကအိမ်ထောင်စု ၂၈ စုဟာ နီးစပ်ရာကျေးရွာ‌တွေမှာ စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #မီးရှို့ #စစ်ရှောင် #ထောက်ပံ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10