စစ်တပ်ရဲ့ဆိုးညစ်မှုတွေနဲ့ တော်လှန်ရေးဘက်က လွဲမှားမှုတို့ကို ထောက်ပြထားတဲ့ သံချပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် သပိတ်စစ်ကြောင်းတခုဖြစ်တဲ့ "တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန်" အဖွဲ့ဟာ စစ်ဘေးရှောင်ရင်း တော်လှန်သံချပ်တခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“စစ်တပ်ရဲ့ ဆိုးညစ် ယုတ်မာမှုတွေ၊ လူထုအခက်ခဲတွေကို ဒီသံချပ်မှာ ဖော်ပြထားတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က လွဲမှားနေတဲ့ အရာလေးတွေကို ထောက်ပြထားတဲ့အရာတွေ ပါဝင်တယ်။”လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်အဖွဲ့ဝင် ကိုစနေက ပြောပါတယ်။

အဲ့ဒီသံချပ်မှာ တော်လှန်ရေးအင်အားစုတွေကို အပြုသဘောနဲ့ ထောက်ပြတာတွေလည်း ပါဝင်ပြီး မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ထားတာလို့ သိရပါတယ်။

"တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန်" အဖွဲ့ရဲ့ သင်္ကြန်သံချပ်အစအဆုံးကို တင်ဆက်ပေးထားပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #သပိတ် #သံချပ် #တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10