သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ မိသားစုဝင် ၅ ဦးသေဆုံးကာ ဒဏ်ရာနဲ့ကျန်ခဲ့တဲ့အမျိုးသား ဆေးကုသဖို့အတွက် အခက်အခဲဖြစ်နေတယ်လို့ နီးစပ်သူတွေကပြောပါတယ်။
စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းက သုံးဆယ်ပေးကျေးရွာကို စစ်တပ်ကစစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် မတ္တရာမြို့ပေါ်ကနေ ဟောင်ဝစ်ဇာနဲ့ပစ်ခတ်ခဲ့သလို ကျေးရွာတွေကိုတပ်စွဲထားတဲ့စစ်တပ်က နေရာစုံကနေ သုံးဆယ်ပေးနဲ့အနီးဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ဝိုင်းပစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအထဲက လက်နက်ကြီးဟာ ဆူးလေကုန်းကျေးရွာကို ကျရောက်ခဲ့ပြီး အခုဒဏ်ရာရထားတဲ့အမျိုးသားရဲ့ ဇနီး၊ ၅ နှစ်အရွယ်နဲ့ နို့စို့အရွယ် သားနှစ်ဦး၊အဒေါ်နဲ့ ၅ နှစ်အရွယ်တူမတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။
"လက်နက်ကြီးမှန်တဲ့အထဲ သူပဲအသက်ရှင်တာ။ သူလည်း တကိုယ်လုံးလောင်သွားတော့ ရေရှည်ကုရမှာ။ မလွယ်ဘူး "လို့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရအမျိုးသားဟာ ဆေးကုသမှုခံယူနေရပြီး ဆေးကုသစရိတ်တွေ လိုအပ်နေတာလို့ သိရပါတယ်။
စစ်တပ်က သုံးဆယ်ပေးကျေးရွာကို တပ်စွဲလိုက်ပြီး မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးကာ လက်နက်ကြီးပစ်ခတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#မန္တလေး #မတ္တရာ #စစ်တပ် #လက်နက်ကြီး #သေဆုံး
Share Share Share