အမရာ

လေကြောင်းတိုက်ခိုက်ခံရလို့ သပိတ်ကျင်းမှာ ၂ ရက်အတွင်း ကလေးငယ် ၄ ဦးအပါ ၆ ဦးသေဆုံး

တိုက်ပွဲတွေပြင်းထန်နေတဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်တပ်က နေ့စဥ်လေကြောင်းက တိုက်ခိုက်နေပြီး ကလေးငယ်တွေအပါ ပြည်သူ ၆ ဦးသေဆုံးထားပါတယ်။

နယ်မြေပြန်သိမ်းနေတဲ့စစ်တပ်နဲ့ PDF တို့ မတ္တရာမြို့နယ်မြစ်ကမ်းဘေးက ရွာတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်

မတ္တရာမြို့နယ်အနောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းအနီးကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်အထိနာကာ လေကြောင်းကတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လေယာဉ်ဗုံးကြောင့် လူသေဆုံးမှုများခဲ့တဲ့ မိုးကုတ်မှာ CDMA ဖုန်း၊ Star Link အင်တာနက် အသုံးပြုခွင့်နဲ့ လူစုလူဝေးခွင့် ပိတ်

နိုဝင်ဘာ ၁၁ ရက်ညပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုခံရပြီးနောက် မိုးကုတ်မြို့မှာ အသုံးပြုလို့ရနေတဲ့ CDMA နဲ့ Star Link အင်တာနက် အသုံးပြုခွင့်ပိတ်လိုက်တာလို့ ဆိုပါတယ်။

ပတ္တမြားမြေနဲ့ ရွှေလုပ်ကွက်တွေကို အသည်းအသန် ပြန်သိမ်းဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ (ဆောင်းပါး)

မတ္တရာမြို့ကနေ ဝန်စုကျေးရွာ၊ ဥဒိန်နဲ့ စကျင်ကျေးရွာတွေကို စစ်တပ်က ထိန်းချုပ်နိုင်မယ်ဆိုရင် အခုလက်ရှိ ဧရာဝတီမြစ်ကမ်းအနီးက ငယ်တိုး၊ သဖန်းထောင့်နဲ့ သုံးဆယ်ပေးတို့မှာလည်း စစ်တပ်ကအထိုင်ချထားပြီး လက်နက်ကြီးတွေဆင်ထားတဲ့ ရွာတွေနဲ့ ပေါင်းကာနယ်မြေအသာစီးရနိုင်တဲ့ အခြေအနေပါ။ ဒီကျေးရွာတွေကိုသာ စစ်ကောင်စီလက်ထဲပေးလိုက်ရမယ်ဆိုရင် မတ္တရာမြို့နယ်အနောက်ခြမ်းရဲ့ အခြေအနေဟာ တမျိုးပြန်လည်ပြောင်းသွားနိုင်ပါတယ်။

မြင်းခြံမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေ

"အခုထိ လေယာဥ် ၁၂ ခေါက်ရှိပြီ။ အလုံးပေါင်း ၁၀၀ကျော် ကြဲချထားတယ်။ ဒရုန်းတွေနဲ့ ကြဲတယ်။ မြင်းခြံမြို့ပေါ်ကနေ ဟောင်ဝစ်ဇာနဲ့ လှမ်းပစ်တယ်။ အခုထိကတော့ တိုက်ပွဲပြင်းထန်နေတုန်းပါ။"

ပျူစောထီး ၁၀၀ ခန့်ကို လက်နက်ချအောင်စည်းရုံးနိုင်ခဲ့တဲ့ အမှတ် ၁၂၂၂ တပ်ရင်းမှူး စစ်ရေးဗျူဟာထူးချွန်ဆုရရှိ

ဇွန် ၂၅ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်းမှာ စဥ့်ကူးမြို့နယ်အတွင်းက ပျူစောထီး ၁၀၀ ခန့်ကိုကျည်မဖောက်ဘဲ လက်နက်ချအညံ့ခံအောင် စည်းရုံးနိုင်ခဲ့သူ အမှတ် ၁၂၂၂ တပ်ရင်းမှူး ကိုဒိုလေးကို စစ်ရေးဗျူဟာထူးချွန်ဆု ပေးအပ်ခဲ့တယ်လို့ အဲဒီတပ်ရင်းဆီက သိရပါတယ်။

ရွာခံတွေကို ပျူစောထီးသင်တန်းပို့ပြီးအဖွဲ့ဖွဲ့ထားတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကုန်းပေါ်နက်ကျေးရွာ အုပ်ချုပ်ရေးမှူးကို နိုဝင်ဘာ ၁၁ ရက် မနေ့ည ၇ နာရီလောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပုပ္ပါးပြောက်ကျားတပ် တိုက်ခိုက်ရေး တာဝန်ခံ ကိုကြခတ်က ပြောပါတယ်။

မန္တလေးထဲက ရွှေလုပ်ကွက်တွေသိမ်းယူခံရပြီးနောက် စစ်ကောင်စီက ရွှေရောင်းချသူတွေကို စောင့်ကြည့်မယ့်သင်တန်းတွေ ဆက်တိုက်ပေးနေ

ရွှေလုပ်ငန်းရှင်တွေကို သင်တန်းပို့ချရာမှာ ရွှေအရောင်းအဝယ်ပြုလုပ်စဥ် မသင်္ကာစရာတွေ့ရှိတာနဲ့ သတ်မှတ်ငွေပမာဏထက် ကျော်လွန်ရောင်းချပါက တိုင်ကြားဖို့၊ ရာဇဝတ်မှုများတဲ့ဒေသကလာသူတွေကို ပိုမိုစိစစ်ဖို့၊ ရောင်းချသူရဲ့အချက်အလက်တွေကို သေချာစိစစ်ကာ နှစ်စဥ်ရောင်းချတဲ့ပမာဏတွေကို စစ်ဆေးဖို့ စတဲ့အချက်တွေအဓိကပါဝင်ပြီး လက်နက်ဝယ်ယူမယ့်ငွေတွေမဖြစ်ဖို့ကို မဖြစ်မနေစိစစ်ရမယ်ဆိုတဲ့အချက်က အများဆုံးပါဝင်တယ်လို့ ရွှေလုပ်ငန်းအသိုင်းအဝိုင်းက ဆိုပါတယ်။

မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း လုပ်ငန်းစမယ်လို့ စစ်ခေါင်းဆောင်ပြော

ဒီရထားလမ်းစီမံကိန်းကို ပြန်လည်စတင်ဖို့ တရုတ်ဘက်က ၂၀၂၁ ကတည်းကပြင်ဆင်နေတာဖြစ်ပြီး အဲ့ဒီနှစ် သြဂုတ် ၂၅ ရက်မှာ ရှမ်းမြောက်ဒေသ နယ်စပ်မြို့ ချင်းရွှေဟော်ရဲ့တဖက်ကမ်း တရုတ်နိုင်ငံ၊ လင်ချင်းခရိုင်မှာ ရထားလမ်းသစ်ဖွင့်ပွဲကိုပြုလုပ်ခဲ့ပြီးတဲ့နောက် နယ်မြေမတည်ငြိမ်မှုတွေကြောင့် ရထားလမ်းစီမံကိန်းကိုရပ်တန့်ထားခဲ့ရာကနေ ယခုလိုပြန်လည်စတင်မယ့်အကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့တာပါ။

MDY PDF သိမ်းယူထားတဲ့ နယ်မြေတွေကို စစ်တပ်က ပြန်လည်သိမ်းယူဖို့ကြိုးစား ■ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံသေဆုံးမှုရှိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အောက်တိုဘာ လလယ်လောက်ကစတင်ကာ MDY PDF သိမ်းယူထားတဲ့ နယ်မြေတွေကို စစ်ကောင်စီက ပြန်သိမ်းယူနိုင်ဖို့ နေ့စဥ်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မန္တလေးမြို့ဘက်ကနေလည်း ရိက္ခာဖြည့်တင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

တံတားဦးမြို့နယ်က အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးရပ်ကျေးကော်မတီဝင် ၁ ဦး အသတ်ခံရ

"အဲဒီအုပ်ချုပ်ရေးမှုးက အဲဒီဘေးရွာက ၁၀ ရွာလောက်ကိုတောင် သြဇာညောင်းတယ်။ ဧည့်စာရင်းကိစ္စတွေ၊စစ်မှုထမ်းကိစ္စတွေမှာ ရှေ့ကနေ ဦးဆောင်လုပ်လို့အရှင်းခံရတာ"

ထီးချိုင့်နဲ့ မဘိမ်းအစပ်မှာ တိုက်ပွဲတွေဖြစ်လာနိုင်လို့ ပြည်သူတွေကိုရှောင်တိမ်းခိုင်းထား

" အကုန်လုံးတော့မထွက်သေးဘူး။ အကုန်လုံးချည်းတော့ထွက်မယ်မထင်ဘူး။ ဒီဘက်မှာအဲ့လို ကြေညာချက်ထုတ်တယ်။ အကုန်လုံးတော့မထွက်ကြဘူးလေ။ ကယ်ထုတ်ရတာနဲ့သယ်ထုတ်ရတာနဲ့ အဲ့လိုတွေဖြစ်နေတာ"

မတ္တရာမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးပိုင်းတွေအပါ ၃ ဦးသေဆုံး

" အမျိုးသမီးမှန်တာက တော်တော်ဆိုးတယ်။ အသားတွေကို တစစီလိုက်ကောက်ရတယ်။ နေ့တိုင်း ပစ်နေတာ"

တရုတ်ကောင်စစ်ဝန်ရုံး ဗုံးခွဲခံရပြီးနောက် ရုံးရှေ့လမ်းတွေကို ရဲလုံခြုံရေးအများအပြားချပြီး စက်ဘီးဆိုင်ကယ်ဖြတ်သန်းခွင့်ပိတ်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ရုံးအရှေ့ဘက်လမ်းတွေကို ကား၊ဆိုင်ကယ်ဖြတ်သန်းခွင့်ပိတ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10