သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မပေါက်ကွဲသေးတဲ့ ဗုံးဆံကိုဝယ်ယူမိရာက ပေါက်ကွဲမှုဖြစ်ပြီး မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါးနီကျေးရွာက သံတိုသံစရောင်းဝယ်ရေးလုပ်သူ အမျိုးသား ၁ ဦး သေဆုံးပြီး ဇနီးနဲ့သမီးဖြစ်သူ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၈ ရက်မနက် ၁၀ နာရီလောက်က ကမ်းပါးနီကျေးရွာသား အသက် ၄၂ နှစ်အရွယ် ကိုမျိုးထွန်းဟာ သံတိုသံစဝယ်ပြီးပြန်ချိန် သူ့နေအိမ်အရောက်မှာ ဝယ်လာတဲ့အိတ်ကိုသွန်ချစဥ် မပေါက်ကွဲသေးတဲ့ဗုံးဆံက ပေါက်ကွဲသွားတာလို့ ဆိုပါတယ်။
"လေယာဥ်ဗုံးဆံလို့ ယူဆရတဲ့ဗုံးသီး ၁ လုံးကို ဝယ်မိတာ။ အိမ်ရောက်တော့ အဲ့ဒီပစ္စည်းတွေ သွန်ချမိတာ။ ပေါက်ကွဲသွားတာ"လို့ဒေသခံတဦးက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ကိုမျိုးထွန်းသေဆုံးခဲ့ပြီး အသက် ၃၅ နှစ်အရွယ် ဇနီးဖြစ်သူနဲ့ အသက် ၁၅ နှစ်အရွယ်သမီးဖြစ်သူလည်း ရရှိဒဏ်ရာတွေနဲ့ ဆေးကုသနေတယ်လို့ ဆိုပါတယ်။
သပိတ်ကျင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်လေ့ရှိနေပါတယ်။
အလားတူ မတ္တရာမြို့နယ်အနောက်ခြမ်းကိုလည်း စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်လုပ်နေပြီး နိုဝင်ဘာလတတိယပတ်အတွင်းမှာလည်း မပေါက်ကွဲသေးတဲ့ဗုံးသီး ၅ လုံးရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံဆီက သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #သပိတ်ကျင်း #ဗုံးဆံပေါက်ကွဲ #စစ်ကျန် #တိုက်ပွဲ
Share Share Share