အမရာ

တရုတ်ကောင်စစ်ဝန်ရုံး ဗုံးခွဲခံရပြီးနောက် ရုံးရှေ့လမ်းတွေကို ရဲလုံခြုံရေးအများအပြားချပြီး စက်ဘီးဆိုင်ကယ်ဖြတ်သန်းခွင့်ပိတ်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ရုံးအရှေ့ဘက်လမ်းတွေကို ကား၊ဆိုင်ကယ်ဖြတ်သန်းခွင့်ပိတ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပျောက်ဆုံးနေဆဲ ယမား (ရုပ်ပုံလွှာ)

စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ)အဖွဲ့ချုပ်ဥက္ကဋ္ဌ မအေးနန္ဒာစိုးသည် မန္တလေး နန်းတွင်းစစ်ကြောရေးမှ ပျောက်ဆုံးသွားခဲ့သည်မှာ ယခုဆိုလျှင် ၃ နှစ်နီးပါးရှိပြီ ဖြစ်သည်။ ၂၀၂၁ စက်တင်ဘာ ၁၉ ရက်တွင် အဖမ်းခံရပြီး မန္တလေးစစ်ကြောရေးတွင် ၃ လကြာ နေရပြီးနောက် ယင်းသို့ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲတွေနီးကပ်လာနေတဲ့ ပြင်ဦးလွင်မှာ အင်တာနက်၊ ဖုန်းလိုင်းတွေ ပြတ်တောက်နေ

" နိုင်ငံရေးနဲ့ဆိုင်လားတော့မသိဘူး။ Wifi တွေကမနေ့ညကတည်းကပြတ်တာ။ ဒီနေ့ နေ့ခင်းတော့ တချို့နေရာတွေ Mytel Wifi ပြန်ရတယ်လို့ပြောတယ်။ Atom တွေတော့မရသေးဘူး"

ပြန်မချစ်လို့ဆိုကာ မိန်းကလေးကို သေနတ်နဲ့ပစ်သတ်တဲ့ ရဲဘော်ကို NUG ကထောင်ဒဏ် ၁၀ နှစ်ချ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာက မယုမွန်ထက်ကို နေအိမ်ထဲထိဝင်ကာ သေနတ်နဲ့ ပစ်သတ်ခဲ့သူ ဝက်လက်တပ်ရင်း ၂၊ တပ်ခွဲ ၁ က ဒုတပ်ခွဲမှူးပြည့်ထွန်းနိုင် (ခ) လင်းစေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဝေါစုကျေးရွာလေကြောင်းတိုက်ခံရမှု သေဆုံးပြည်သူ ၃ ဦးထပ်တိုးလို့ ၁၅ ဦးအထိ ရှိလာ ■မတ္တရာအနောက်ခြမ်းကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု စစ်တပ်က နေ့စဉ်ပြုလုပ်

လူအစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ခဲ့တဲ့ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရခဲ့တဲ့ပြည်သူ ၃ ဦး ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၁၅ ဦးအထိရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထီးချိုင့်မြို့ကို တော်လှန်ရေးတပ်တွေ ဝန်းရံပိတ်ဆို့ထားပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေလည်းရှိ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို တော်လှန်ရေးတပ်တွေက ဝန်းရံထားဆဲဖြစ်ပြီး ထီးချိုင့်တံတားပေါ်မှာတော့ စစ်ကောင်စီတပ်နဲ့ မကြာခဏတိုက်ပွဲဖြစ်ပွားတာတွေရှိနေတယ်လို့ တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။

စစ်တပ်နဲ့ထိပ်တိုက်တွေ့ရတဲ့အမှုတွေကို အဓိကလိုက်ပါဆောင်ရွက်ခဲ့သူ ရှေ့နေ ဒေါ်ရွက်နုအောင် နိုင်ငံတကာလူ့အခွင့်အရေးဆုရ

စစ်ကောင်စီက ထောင်ဒဏ်နှစ်ရှည်ချမှတ်ထားတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို အီတလီနိုင်ငံအခြေစိုက် IDHAE လူ့အခွင့်ရေးအဖွဲ့က ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု Ludovic Trarieux ကို ချီးမြှင့်ခဲ့ပါတယ်။

မတ္တရာမြို့ပေါ်စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

"၈၁ မမလို့ ယူဆရတဲ့ လက်နက်ကြီး ၃ ချက်ပစ်တယ်။ ၂ လုံးက ရွာထဲကို ကျတယ်။ ၁ လုံးက ရွာပြင်ကို ကျတယ်။ ပြည်သူအမျိုးသမီး ၁ ဦး ဒဏ်ရာရပါတယ်"

သံခြေကျင်းနဲ့ဆေးကုနေရင်း သေဆုံးသွားတဲ့ နိုင်ကျဉ်းကို သင်္ဂြိုဟ်ခါနီးအထိ သံခြေကျင်း မဖြုတ်ပေး

ဦးဌေးအောင်ကျော်ဟာ အကျဥ်းထောင်အတွင်း နာမကျန်းဖြစ်နေတဲ့အတွက် ၄ ကြိမ် ဆေးကုသခွင့်ရခဲ့ပေမယ့် ဆေးကုသမှုခံယူနေရာကနေ အောက်တိုဘာ ၁၃ ရက် မနေ့က သာယာဝတီဆေးရုံမှာပဲ ဆုံးပါးခဲ့တာဖြစ်ကာ ၎င်းဟာ ဆေးကုသနေစဉ်မှာလည်း သံခြေကျင်းခတ်ခံထားရပြီး ဒီနေ့မနက်နာရေးချခါနီးအချိန်ထိ သာယာဝတီအကျဥ်းထောင်က သံခြေကျင်းလာဖြုတ်မပေးဘူးလို့ ဆိုပါတယ်။

မန္တလေးမြို့ကြီး ငိုတဲ့နေ့ (ရုပ်သံဆောင်းပါး)

အဲဒီနေ့ အောက်တိုဘာ ၈ ရက်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အငြိုးတကြီးဖမ်းဆီးအကျဉ်းချခံခဲ့ရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဒေါက်တာဇော်မြင့်မောင်ကို သင်္ဂြိုဟ်တဲ့နေ့ ဖြစ်ပါတယ်။

မန္တလေးမြို့ကြီး ငိုတဲ့နေ့ (ဆောင်းပါး)

တမနက်လုံး မိုးကပြိုကျတော့မလို အုံ့မှိုင်းပြီး ကောင်းကင်က မဲမှောင်လို့နေသလောက် လမ်းမပေါ်သွားလာနေကြသူတွေဟာလည်း မျက်နှာမသာမယာပါပဲ။ မနက် ၁၀ နာရီလောက်မှာ ကောင်းကင်က တိမ်သားတွေ ပြန်လည်ကင်းစင်သွားလို့ လင်းလာပေမဲ့လည်း လူတွေရဲ့ မျက်နှာကတော့ ပိုလို့သာမဲမှောင်လာပြီး မန္တလေးမြို့က လမ်းမတလျှောက် ငိုညည်းသံတွေလွှမ်းသွားပါတယ်။

ကျောက်ကန်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်  ■ စစ်ကောင်စီရဲ့လေကြောင်းနဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

"တိုက်ပွဲက မနက် ၅ နာရီခွဲကနေ နေ့ခင်း ၁၁ နာရီခွဲလောက်အထိ ဖြစ်တာ။ ရွာထဲမှာ သူတို့(ပျူစောထီး) အထိုင်ချထားတဲ့နေရာက ၅ နေရာပဲရှိတာ။ အဲ့ဒီနေရာတွေကို တပ်ပေါင်းစုတွေ အကုန်စီးနိုင်သွားပြီ။ ဒါပေမယ့် လေယာဥ်ပစ်ကူလာလို့ တပ်ပြန်ဆုတ်ခဲ့တာ။"

ဒေါက်တာဇော်မြင့်မောင် နာရေးကို ဖခင်ဖြစ်သူနေအိမ်မှာ ပြင်ဆင်ထားပြီး မနက်ဖြန်သင်္ဂြိုဟ်မယ် (ရုပ်/သံ)

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးကို ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန်(၃)လမ်းရှိ ၎င်းရဲ့ဖခင်ဖြစ်သူ နေအိမ်မှာပြင်ဆင်ထားပြီး မနက်ဖြန်အောက်တိုဘာ ၈ ရက် မနက် ၁၀ နာရီမှာ တောင်အင်းမြောက်အင်းသုဿန်ကို ပို့ဆောင်သင်္ဂြိုဟ်မယ် လို့ မန္တလေးNLDအသိုင်းအဝိုင်းထံက သိရပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းရဲ့နာရေးကို ဖခင်ဖြစ်သူနေအိမ်မှာ ပြင်ဆင်ထားပြီး မနက်ဖြန်သင်္ဂြိုဟ်မယ် ■နာရေးအိမ်ကို စစ်ကောင်စီမန္တလေးဝန်ကြီးချုပ်လည်း ရောက်နေ

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးကို ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန်(၃)လမ်းရှိ ၎င်းရဲ့ဖခင်ဖြစ်သူ နေအိမ်မှာပြင်ဆင်ထားပြီး မနက်ဖြန်အောက်တိုဘာ ၈ ရက် မနက် ၁၀ နာရီမှာ တောင်အင်းမြောက်အင်းသုဿန်ကို ပို့ဆောင်သင်္ဂြိုဟ်မယ် လို့ မန္တလေးNLDအသိုင်းအဝိုင်းထံက သိရပါတယ်။

စစ်ကိုင်းနဲ့မကွေးတိုင်းမှာ Starlink သုံးခွင့် ယာယီရပ်ဆိုင်းထား  ■ စစ်ရေးသတင်း ပေါက်ကြားမှုတွေရှိလို့ဟုဆို

"ဒီမတိုင်ခင် အလုပ်လုပ်တာလေးတွေရှိတယ်။ ဒါပေမယ့် အဲ့ဒီသတင်းတွေပေါက်တယ်။ အဲ့ဒါကြောင့် Public မှာအခကြေးငွေနဲ့ပေးသုံးတဲ့နေရာတွေကို ပိတ်လိုက်တာပါ။ ရုံးပိုင်းဆိုင်ရာတွေကတော့အသုံးပြုလို့ ရပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10