မန္တလေးမြို့ကြီး ငိုတဲ့နေ့ (ရုပ်သံဆောင်းပါး)

တမနက်လုံး မိုးကပြိုကျတော့မလို အုံ့မှိုင်းပြီး ကောင်းကင်က မဲမှောင်လို့နေသလောက် လမ်းမပေါ်သွားလာနေကြသူတွေဟာလည်း မျက်နှာမသာမယာပါပဲ။

မနက် ၁၀ နာရီလောက်မှာ ကောင်းကင်က တိမ်သားတွေ ပြန်လည်ကင်းစင်သွားလို့ လင်းလာပေမဲ့လည်း လူတွေရဲ့ မျက်နှာကတော့ ပိုလို့သာမဲမှောင်လာပြီး မန္တလေးမြို့က လမ်းမတလျှောက် ငိုညည်းသံတွေလွှမ်းသွားပါတယ်။ 

"ဆရာရေ၊ ဆရာရေ"လို့ ငိုပြီးထိုင်ကန်တော့နေသူ အမျိုးသမီးတွေ၊ လမ်းမတလျှောက် မကြုံစဖူး လုံခြုံရေးတွေကြား ယောက်ျားရင့်မာကြီးတွေရဲ့ အံတကြိတ်ကြိတ်နဲ့ တောက်တခေါက်ခေါက်သံတွေဟာ တနေ့လုံးရဲ့ ကြေကွဲစရာ ပြယုဂ်ပါ။

အဲဒီနေ့ အောက်တိုဘာ ၈ ရက်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အငြိုးတကြီးဖမ်းဆီးအကျဉ်းချခံခဲ့ရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဒေါက်တာဇော်မြင့်မောင်ကို သင်္ဂြိုဟ်တဲ့နေ့ ဖြစ်ပါတယ်။ 

တည်းဖြတ် - HP

#မြေလတ်အသံ 

#ရုပ်သံဆောင်းပါး #ဝန်ကြီးချုပ် #ဒေါက်တာဇော်မြင့်မောင် #နာရေး #ဈာပန 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10