သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ လူ ၃ ဦးသေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံဆီက သိရပါတယ်။
နိုဝင်ဘာ ၃ ရက် မနေ့မနက် ၁၁ နာရီခန့်မှာ မတ္တရာမြို့ပေါ်ရှိစစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး အဆိုပါလက်နက်ကြီး ဗုံးသီးတွေဟာ မြို့အနောက်ဘက် ၁ မိုင်ခန့်အကွာက ကိုးပင်ကျေးရွာ နေအိမ် ၁ လုံး ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
" အမျိုးသမီးမှန်တာက တော်တော်ဆိုးတယ်။ အသားတွေကို တစစီလိုက်ကောက်ရတယ်။ နေ့တိုင်း ပစ်နေတာ" လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီးဗုံးသီးပေါက်ကွဲမှုကြောင့် တအိမ်တည်းအတူနေ အသက် ၇၀ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မတ္တရာမြို့ပေါ်မှာတပ်စွဲထားတဲ့စစ်တပ်က အနီးနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေပြီး အောက်တိုဘာ ၃၁ ရက်ကလည်း မတ္တရာမြို့ရဲ့အနောက်ဘက်က အောက်ကင်းရွာကို ကျရောက်ပေါက်ကွဲခဲ့ကာ လူငယ်အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကာ အဲဒီနေ့မှာပဲ အလည်ရွာကိုလည်း လက်နက်ကြီးကျရောက်ခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာတွေရခဲ့သေးတယ်လို့ သိရပါတယ်။
မတ္တရာမြို့ရဲ့အနောက်ဘက်ကို စစ်တပ်ကစစ်ကြောင်းထိုးနေပြီး ဝေါကျေးရွာအနီးမှာလည်း တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေကာ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ဖြေကြားတာမျိုးမရှိသေးပါဘူး။
နိုဝင်ဘာ ၂ ရက် မှာ မတ္တရာမြို့နယ်၊ ထိန်ပင်ဇောက်ရွာအထိ စစ်တပ်ကစစ်ကြောင်းထိုးလာပြီး ယမန်နေ့က အဲ့ဒီရွာမှာတော်လှန်ရေးတပ်တွေနဲ့ တနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတဦးက ပြောပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မတ္တရာ #တိုက်ပွဲ #လက်နက်ကြီး #ပြည်သူ #သေဆုံး
Share Share Share