သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နဲ့ ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်အစပ် ငအိုးကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်လာနိုင်လို့ ပြည်သူတွေရှောင်တိမ်းနေကြဖို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက် အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ကာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာ ၄ ရက်အထိ ပြည်သူအများစုကတော့ ရှောင်တိမ်းထားကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။
" အကုန်လုံးတော့မထွက်သေးဘူး။ အကုန်လုံးချည်းတော့ထွက်မယ်မထင်ဘူး။ ဒီဘက်မှာအဲ့လို ကြေညာချက်ထုတ်တယ်။ အကုန်လုံးတော့မထွက်ကြဘူးလေ။ ကယ်ထုတ်ရတာနဲ့သယ်ထုတ်ရတာနဲ့ အဲ့လိုတွေဖြစ်နေတာ"လို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုတဲ့ ငအိုးကျေးရွာမှာ စကခ ၂၁ လက်အောက်ခံ ခလရ ၁၂၁ တပ်ရင်း အခြေစိုက်ထားတဲ့အပြင် ကျေးရွာအတွင်းမှာလည်းစစ်ကောင်စီတပ်ကတပ်စွဲထားပြီး ပျဥ်ထောင်လေးရွာနဲ့ ငအိုးရွာကိုဖြတ်ကူးထားတဲ့ ရွှေလီချောင်းတံတားမှာလည်း စစ်တပ်ဂိတ်တည်ရှိတယ်လို့ သိရပါတယ်။
မဘိမ်းမြို့နယ်ထဲမှာရှိနေတဲ့ ငအိုးကျေးရွာဟာ ထီးချိုင့်မြို့နယ်နဲ့ တစပ်တည်းမှာတည်ရှိနေပြီး လက်ရှိမှာတော့ ထီးချိုင့်မြို့ကိုတော်လှန်ရေးတပ်တွေက ဝိုင်းထားဆဲဖြစ်ကာ ထီးချိုင့်တံတားပေါ်မှာလည်း နှစ်ဖက်ပစ်ခတ်မှုတွေရှိပေမယ့် တိုက်ပွဲပြင်းထန်တာမျိုးတော့မရှိသေးဘူးလို့ ဆိုပါတယ်။
ပုံစာ - ၂၀၂၃ နိုဝင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထီးချိုင့်မြို့တွင်းမီးလောင်နေစဉ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#စစ်ကိုင်း #မဘိန်း #တိုက်ပွဲ #ပြည်သူ #ရှောင်တိမ်း #ထုတ်ပြန်
Share Share Share