သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ယမန်နေ့ အောက်တိုဘာ ၂၅ ရက် ည ၉ နာရီကျော်လောက်ကစပြီး အင်တာနက် (Wifi) လိုင်းတွေပြတ်တောက်မှု ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဒီကနေ့မနက် ၁၀ နာရီလောက်မှာလည်း ဖုန်းလိုင်းတချို့ပြတ်တောက်မှုတွေ ထပ်မံဖြစ်ပေ်ခဲ့ပြီး လက်ရှိအထိ ပြတ်တောက်မှုတချို့ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
" နိုင်ငံရေးနဲ့ဆိုင်လားတော့မသိဘူး။ Wifi တွေကမနေ့ညကတည်းကပြတ်တာ။ ဒီနေ့ နေ့ခင်းတော့ တချို့နေရာတွေ Mytel Wifi ပြန်ရတယ်လို့ပြောတယ်။ Atom တွေတော့မရသေးဘူး" လို့ မြို့ခံတဦးက ပြောပါတယ်။
နောက်ထပ်မြို့ခံတဦးကလည်း ဒီကနေ့နေ့လယ်ပိုင်းအထိ ပြင်ဦးလွင်မြို့မှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ အတည်ပြုပြောပါတယ်။
ပြင်ဦးလွင်မြို့ကနေ လားရှိုးမြို့ကိုသွားတဲ့လမ်းပိုင်းက ဝက်ဝံဂိတ်အနီးမှာ ပြီးခဲ့တဲ့ ၂ ရက်လောက်က တိုက်ပွဲဖြစ်တာတွေရှိခဲ့ပြီး အဆိုပါနေရာအနီးတဝိုက်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ တောင်ခမ်းကျေးရွာတွေဘက်ကို စစ်တပ်ကစစ်ကူပို့အင်အားဖြည့်တာတွေပြုလုပ်နေတာလို့ သိရပါတယ်။
ဒါ့အပြင် နောင်ချိုမြို့နယ်နဲ့ ပြင်ဦးလွင်မြို့နယ်ကြားမှာ ရံဖန်ရံခါတိုက်ပွဲဖြစ်တာတွေရှိနေပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းကို ပစ်ခတ်တာတွေရှိနေတာကြောင့် လမ်းကတော့ပိတ်ထားဆဲလို့ သိရပါတယ်။
ဒါ့အပြင် နောင်ချိုမြို့နယ်ကနေ ပြင်ဦးလွင်မြို့ကို ဝင်ရောက်ပါက တပ်မတော်သိပ္ပံနှင့်နည်းပညာသုတေသနဌာနတပ်ရှိနေပြီး အဲဒီတပ်က ညနေဘက်ဆိုရင် မီးအားလုံးအမှောင်ချကာ ဗိုလ်မှူးတွေဦးစီးပြီး တပ်ပတ်လည်ကင်းစောင့်တာတွေလုပ်နေတယ်လို့ စစ်တပ်သတင်းအရင်းမြစ်ထံက သိရပါတယ်။
တော်လှန်ရေးတပ်တွေဘက်ကတော့ ပြင်ဦးလွင်မြို့ကစစ်ကောင်စီဝန်ထမ်းတွေအနေနဲ့ တော်လှန်ရေးတပ်တွေနဲ့ပူးပေါင်းကြဖို့ စစ်တပ်နဲ့ပတ်သက်သူတွေကို ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်တွေဆီကို သတင်းပေးကြဖို့ဆိုတဲ့ ထုတ်ပြန်ချက်တွေထုတ်ထားကြပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မန္တလေး #ပြင်ဦးလွင် #ဆက်သွယ်ရေး #Wifi #တိုက်ပွဲ
Share Share Share