သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
တိုက်ပွဲတွေပြင်းထန်နေတဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်တပ်က နေ့စဥ်လေကြောင်းက တိုက်ခိုက်နေပြီး ကလေးငယ်တွေအပါ ပြည်သူ ၆ ဦးသေဆုံးထားပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ နေ့စဥ်တိုက်ပွဲတွေဖြစ်နေတာပါ။
နိုဝင်ဘာ ၁၇ ရက်က ကျောက်ဖြူကျေးရွာကို လေယာဥ်နဲ့ ဗုံးကြဲခံရလို့ ကလေးငယ် ၃ ဦးနဲ့ လူကြီး ၁ ဦးသေဆုံးခဲ့ပြီး နိုဝင်ဘာ ၁၈ ရက် မနေ့ကလည်း တွင်းငယ်ကျေးရွာအနီးက လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"လေကြောင်းက နေ့တိုင်းတိုက်တယ်ဗျ။ အခြေအနေအသေးစိတ်ကိုတော့ ပြောလို့မရဘူး"လို့ ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲဖြစ်နေတာ ၃ လကျော်ကြာရှိပြီဖြစ်သလို သပိတ်ကျင်းမြို့နယ်အခြေစိုက် အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကိုလည်း တော်လှန်ရေးတပ်တွေက ဒီနေ့ထိ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။
သပိတ်ကျင်းမြို့နယ်အတွင်းကတိုက်ပွဲတွေကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်PLAတို့က ဦးဆောင်တိုက်ခိုက်နေတာလို့ သိရပါတယ်။
ပုံစာ - နိုဝင်ဘာ ၁၈ရက်က တွင်းငယ်ရွာကို စစ်တပ်ကလေယာဥ်နဲ့ ဗုံးကြဲလို့ သေဆုံးသွားတဲ့ ကလေးငယ်နဲ့ အမျိုးသမီး။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#မန္တလေး #သပိတ်ကျင်း #လေကြောင်း #တိုက်ခိုက် #သေဆုံး
Share Share Share