သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးမြို့ကနေ စစ်မှုထမ်းမဲပေါက်ပြီး ကရင်နီပြည်နယ်ကိုပို့ဆောင်ခံရပြီးနောက် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ်သားကို တိုက်ပွဲမှာသေဆုံးကြောင်း စစ်ကောင်စီဘက်က အကြောင်းကြားလာတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
အဆိုပါစစ်ကေင်စီတပ်သားဟာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်က အသက် ၂၆ နှစ်အရွယ် ကိုအောင်ဇော်မိုးဖြစ်ပြီး စစ်မှုထမ်းမဲပေါက်တယ်ဆိုကာ စစ်တပ်ထဲရောက်သွားခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
"ပုံထဲမှာ ခြေထောက်တဖက်ထွက်နေတဲ့ကောင်လေးက မန္တလေး၊ မြောက်ပြင်က။ အပတ်စဥ် ၂ တုန်းက မဲပေါက်တယ်ဆိုပြီး ရပ်ကွက်ရုံးက စစ်သားတွေနဲ့လာခေါ်သွားတာ။"လို့ အဲဒီရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။
မန္တလေးမြို့မှာ စစ်ကောင်စီက နေအိမ်တွေအထိ ဝင်ရောက်ပေါ်တာဆွဲတာ၊ စစ်မှုထမ်း မဲပေါက်တယ် ဆိုပြီး စီးပွားရေးအဆင်ပြေတဲ့ အိမ်ထောင်စုတွေဆီကလည်း လူနဲ့ငွေကျပ်သိန်းဆယ်ချီတောင်းရမ်းပြီး လူစားလဲတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
စစ်ကောင်စီဘက်က သေဆုံးပြီလို့အကြောင်းကြားထားပေမယ့် လက်ရှိမှာအသက်ရှင်နေသေးတာကြောင့် မိသားစုတွေကတော့ အသက်ချမ်းသာပေးဖို့ ဖမ်းဆီးထားတဲ့အဖွဲ့တွေဆီ တင်ပြထားတယ်လို့ ဆိုပါတယ်။
"မိသားစုတွေကတော့ အခုဖမ်းမိတဲ့ဆီကို အသက်ချမ်းသာပေးဖို့ မေတ္တာရပ်ခံထားတယ်လို့ ပြောတယ်။ မြို့မှာလေ စစ်တပ်ကိုကြောက်တော့ ဘယ်သူမှပေါ်ပေါ်ထင်ထင် မပြောရဲကြဘူး။ မနေ့က ပုံတက်လာတော့ ရပ်ကွက်ကလူတွေကတွေ့မှ ပြောကြလို့ ဒီကလေးအသက်ရှင်မှန်းသိတာ။"လို့ ဒေသခံ အမျိုးသားတဦးကပြောပါတယ်။
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ လင်ဖုံလေးရွာအနီးမှာ စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံတပ်ရင်း ခလရ ၈၀ နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၃၀ ဦးခန့်သေဆုံးကာ လက်နက် ၂၂ လက်နဲ့ စစ်သုံ့ပန်း ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ KNDF ဗျူဟာအမှတ်၂ က ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #ကရင်နီ #စစ်ကောင်စီ #ဖမ်းဆီး
Share Share Share