စစ်မှုထမ်းဖမ်းဆီးရာမှာပါဝင်တဲ့ ပျူစောထီးဆိုသူ သေနတ်နဲ့ပစ်သတ်ခံရ

စစ်မှုထမ်းဖမ်းဆီးရာမှာပါဝင်တဲ့ ပျူစောထီးဆိုသူ သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်မှုထမ်းဖမ်းဆီးရာမှာပါတဲ့ ပျူစောထီးသင်တန်းဆင်းဆိုသူ ၁ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ Dragon Brother(GBK PDF)က သတင်းထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူမှာ ကြို့ပင်ကောက်မြို့၊ နဂါးနီလမ်းနေထိုင်တဲ့ အသက် ၄၀  နှစ်ဝန်းကျင် ကိုထွန်းမင်းစိုး ဆိုသူဖြစ်ပြီး သူ့ကို နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီကျော်လောက်မှာ  ဒေါင်းလူးရွာအနီးမှာ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“ ထွန်းမင်းစိုးက ပလပ်စတစ်ဗူးခွံလိုက်ကောက်နေတဲ့အချိန် ဦးခေါင်းကို ၁ ချက်ပဲပစ်ခဲ့တာ ပွဲချင်းပြီးပါ။” လို့ Dragon Brother(GBK PDF) ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ထွန်းမင်းစိုးဟာ ပျူစောထီးသင်တန်းဆင်းလည်းဖြစ်ပြီး ပလပ်စတစ်ဗူးခွံလိုက်ကောက်တဲ့အသွင်ယူကာ ပေါ်တာ(စစ်မှုထမ်းဖမ်းဆီးခြင်း)ဆွဲတာမှာ အဓိကထောက်လှမ်းပေးသူဖြစ်ပြီး ဆိုင်ကယ်တွေဖမ်းရာမှာလည်း ပါဝင်သူဖြစ်တယ်လို့ ဆိုပါတယ်။

ကြို့ပင်ကောက်မြို့ခံတဦးကလည်း ထွန်းမင်းစိုးအလောင်းကို ပစ်ခတ်အပြီးမှာ စစ်အုပ်စုဝင်တွေကမြို့ခံပရဟိတအသင်းကားနဲ့ အလောင်းလာရောက်ကောက်ယူပြီး ကြို့ပင်ကောက်ဆေးရုံရင်ခွဲရုံကိုပို့ခဲ့ကာ နိုဝင်ဘာ ၂၄ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ အလောင်းကိုသင်္ဂြိုလ်မှာဖြစ်တယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၀ ရက်ကလည်း သဲကုန်းမြို့နယ် ပုတီးကုန်းမြို့၊ သပြေလှအုပ်စု၊ ရင်းတိုက်ကွင်းရွာက ပျူစောထီးခေါင်းဆောင်လည်းဖြစ်ပြီး ရာအိမ်မှူးတာဝန်ယူထားသူ ကိုဌေးလွင် ကိုလည်း ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးသူ ကိုထွန်းမင်းစိုး အလောင်း။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ကြို့ပင်ကောက် #ပျူစောထီး #ပစ်ခတ် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10