သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကြိုးဝရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ ဝန်းကျင်သေဆုံးကာ တပ်ကြပ် ၁ ဦးနဲ့ လက်နက် ၁၀ လက်ကျော်ရရှိခဲ့တယ်လို့ သရက်ခရိုင် တပ်ရင်း ၄ က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၆ ရက် မနေ့ မနက် ၆ နာရီမှာ ကပစ ၁၂ ၊ ကပစ ၁၈၊ ခလရ ၄၄၊ တပ်မ ၈၈၊ မင်းတုန်းမြို့နယ် ပျူစောထီးခေါင်းဆောင် ဖိုးပြားနဲ့ ပျူစောထီး ၅ ဦး ပါဝင်တဲ့ အင်အား ၁၀၀ ပါစစ်ကြောင်း စခန်းချရာနေရာ အနားထိကပ်ကာ အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ ဖမ်းဆီးရမိက တပ်ကြပ်အဆင့် သုံ့ပန်း ၁ ယောက်ပေါ့။ ထိခိုက် ကျဆုံးကတော့ သူတို့ ၃၀ လောက်ရှိတယ်။ ကျဆုံးကတော့ မြေပြင်မှာတင်ပေါ့။” လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ် က မြေလတ်အသံကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ဝန်းကျင်သေဆုံးတာကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး တောင်တွင်းကြီး ကပစ ၁၈ က တပ်ကြပ်အဆင့်ရှိ စစ်သား ၁ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကာ အသေးစိတ်အချက်အလက်ကတော့ လုံခြုံရေးအရ ထုတ်မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း MA 1 ၃ လက်၊ MA 3 ၄ လက်၊ MA 15 ငါးကြင်းမြှီးစက်လတ် ၁လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ကင်းထောက်ဒရုန်း ၁ စီး၊ တိုက်ခိုက်ရေးဒရုန်း ၁ စီး၊ MA ကျည် ၁၈၀၀ တောင့်၊ ငါးကြင်းမြှီးကျည် ၄၅၀ တောင့်၊ ၆၀ မမ ဗုံးသီး ၇ လုံး၊ ပြည်သူပိုင် ရွှေလက်ကောက် ၃ ကွင်းတို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
သိမ်းဆည်းရမိပစ္စည်းတွေအနက် ရွှေလက်ကောက် ၃ ကွင်းကိုလည်း မူလပိုင်ရှင်ကို ပြန်လည်ပေးအပ်ဖို့ လုပ်ဆောင်နေတယ်လို့ ကိုမြတ်က ဆက်ပြောပါတယ်။
အဲ့ဒီ တိုက််ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ နိုဝင်ဘာ ၁၈ ရက်ကတည်းက မှန်ကျေး၊ ငှက်ပျင်း၊ မြောက်ပြင်၊ ကြိုးဝစတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး ဇွန်းကျဆင်စခန်းအနီးတဝိုက်က သစ်တွေကို ထုတ်ယူဖို့ ထွက်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကပစ ၁၂ က ထပ်တိုးပို့လာတဲ့ တပ်သားတွေ၊ ပြောင်းကျေးရွာ ဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ လက်ကျန်တပ်သားတွေစုပေါင်းကာ အင်အား ၈၀ ဝန်းကျင်နဲ့ ကြိုးဝ၊ မြောက်ပြင်ရွာဘက်ကို စစ်ကြောင်းပြန်ထိုးနေတယ်လို့ သိရပါတယ်။
#မြေလတ်အသံ
#မကွေး #မင်းတုန်း #ကြိုးဝရွာ #တိုက်ပွဲ
Share Share Share