သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကြိုးဝရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ ဝန်းကျင်သေဆုံးကာ တပ်ကြပ် ၁ ဦးနဲ့ လက်နက် ၁၀ လက်ကျော်ရရှိခဲ့တယ်လို့ သရက်ခရိုင် တပ်ရင်း ၄ က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၆ ရက် မနေ့မနက် ၆ နာရီမှာ ကပစ ၁၂ ၊ ကပစ ၁၈၊ ခလရ ၄၄၊ တပ်မ ၈၈၊ မင်းတုန်းမြို့နယ် ပျူစောထီးခေါင်းဆောင် ဖိုးပြားနဲ့ ပျူစောထီး ၅ ဦး ပါဝင်တဲ့ အင်အား ၁၀၀ ပါစစ်ကြောင်း စခန်းချရာနေရာ အနားထိကပ်ကာ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ် က ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ဝန်းကျင်သေဆုံးတာကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး တောင်တွင်းကြီး ကပစ ၁၈ က တပ်ကြပ်အဆင့်ရှိ စစ်သား ၁ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကာ လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူပိုင် ရွှေလက်ကောက် ၃ ကွင်းတို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ သိမ်းဆည်းရမိပစ္စည်းတွေအနက် ရွှေလက်ကောက် ၃ ကွင်းကိုလည်း မူလပိုင်ရှင်ကို ပြန်လည်ပေးအပ်ဖို့ လုပ်ဆောင်နေတယ်လို့ ကိုမြတ်က ပြောပါတယ်။
အဲ့ဒီ တိုက််ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ နိုဝင်ဘာ ၁၈ ရက်ကတည်းက မှန်ကျေး၊ ငှက်ပျင်း၊ မြောက်ပြင်၊ ကြိုးဝစတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး ဇွန်းကျဆင်စခန်းအနီးတဝိုက်က သစ်တွေကိုထုတ်ယူဖို့ ထွက်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကပစ ၁၂ က ထပ်တိုးပို့လာတဲ့ တပ်သားတွေ၊ ပြောင်းကျေးရွာ ဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ လက်ကျန်တပ်သားတွေစုပေါင်းကာ အင်အား ၈၀ ဝန်းကျင်နဲ့ ကြိုးဝ၊ မြောက်ပြင်ရွာဘက်ကို စစ်ကြောင်းပြန်ထိုးနေလို့ မြောက်ပြင်၊ ကြိုးဝ၊ ရွာသစ်၊ ငှက်ပျင်းကျေးရွာအပါအဝင် အဲဒီရွာတွေနဲ့ အနီးဝန်းကျင် ရွာတွေက ဒေသခံ ဦးရေ ၅၀၀ ဝန်းကျင် ရှောင်နေကြတယ်လို့ သိရပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#မကွေး #မင်းတုန်း #ကြိုးဝရွာ #တိုက်ပွဲ
Share Share Share